www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 12, 2017

မန္တလေး (ပုလိပ်)ဘူတာမှ ရန်ကုန် (ဝါးတန်း) ဘူတာသို့ ကွန်တိန်နာရထားများပြေးဆွဲရန် အဆင်သင့်ဖြစ်နေ



မန္တလေး ၁၂-၇-၂၀၁၇

မြစ်ငယ်မြို့ ကုန်းတွင်းဆိပ်ကမ်း၏ ရှေ့ပြေးစီမံကိန်းအဖြစ် (ပုလိပ်) ဘူတာမှ ရန်ကုန်(ဝါးတန်း)ဘူတာသို့ ကွန်တိန်နာရထား ပြေးဆွဲရန် အတွက်အဆင်သင့်ဖြစ်နေကြောင်း တိုင်း ၃ သွားလာရေး နှင့်ပို့ဆောင်ရေးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါကွန်တိန်နာ ရထားများ စမ်းသပ်ပြေးဆွဲ ခြင်းသည် မြစ်ငယ်မြို့တွင် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်းဆိပ်ကမ်း စီမံကိန်း၏ ရှေ့ပြေး လုပ်ငန်းအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကွန်တိန်နာ ရထားတစ်စီး လျှင်အတွဲ ၁ဝတွဲအထက် တစ်လလျှင် လေးစီးနှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

''ရထားတွေကတော့ အဆင်သင့် ဖြစ်နေပါပြီ။ ပြေးဆွဲမယ်ဆို ပြေးလို့ရပါပြီ။ သြဂုတ်လ အတွင်းတော့ ပြေးဆွဲသွားမှာပါ။ ရက်အတိအကျတော့ မသိရသေးပါဘူး''ဟု တိုင်း ၃ သွားလာရေးနှင့် ပို့ဆောင်ရေး ဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းမှာ တည်ဆောက် လျက်ရှိပြီး အဆိုပါဆိပ်ကမ်းကို တည်ဆောက်ရေးကာလ နှစ်နှစ်ဖြင့် အပြီးတည်ဆောက် သွားမည်ဖြစ်ကာ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီး လုပ်ငန်း စတင်လည်ပတ်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကုန်စည်စီးဆင်းမှု များမှာ ပိုမိုမြန်ဆန်လာနိုင်ပြီး သယ်ဆောင် စရိတ်များလည်း လျှော့ချနိုင်ဖွယ် ရှိကြောင်း သိရသည်။

မန္တလေး-ရန်ကုန် မီးရထားလမ်း ပိုင်းသည် ၃၇၂ ဒသမ ၂၅ မိုင်ရှည်လျားပြီး လက်ရှိမီးရထား ခုတ်မောင်းချိန်သည် ၁၄ နာရီခန့်ကြာမြင့်ပြီး ၎င်းလမ်းပိုင်းကို JICA နှင့်ပူးပေါင်းပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် လေ့လာဆန်းစစ် မှုများပြုလုပ်နေပြီး အဆင့်မြှင့်တင်မှု ပြီးဆုံးပါက ခုတ်မောင်းချိန် ၇ နာရီခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger