ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၂)နှစ်မြောက်တိုင်းနှစ်ပတ်လည် နေ့အထိမ်းအမှတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပစဉ်။
နေပြည်တော် ၁၃-၇-၂၀၁၇
ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ (၅၂) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရတနာသီရိ ခန်းမ၌ပြုလုပ်ရာ ရေဦးဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တမ ဥာဏာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရေဦးဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဆက်လက်ပြုလုပ်ရာ တိုင်းမှူးက အမှာစကားပြောကြားပြီး သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြ ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု ရရှိသူများနှင့် အိမ်ထောင်သည် လိုင်းသန့်ရှင်းရေး အကောင်းဆုံးဆုရရှိသူ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment