www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 18, 2017

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များကြောင့် မိုးစပါးစိုက်ပျိုးရန် နောက်ကျ



မော်လမြိုင်ကျွန်း ၁၈-၇-၂၀၁၇

ဧရာတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များကြောင့် မိုးစပါးစိုက်ပျိုးရန် နောက်ကျနေပြီး စိုက်ဧက ၂၅ဝဝဝဝ ကျော်တွင် ဇွန်လ ဒုတိယပတ်ထိ ဧက ၇၅ဝဝဝ သာ စိုက်ပျိုး ရသေးကြောင်း မြို့နယ်လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိုးစပါးစိုက်ပျိုးသည့် ကာလကိုမိုးဦးကာလ ဧပြီလမှ သြဂုတ်လထိ သတ်မှတ်ထားပြီး မော်လမြိုင် ကျွန်းမြို့နယ်တွင် လယ်ဧကစုစုပေါင်း ၂၆၁၃၈ဝ ရှိကြောင်း သိရသည်။ တောင်သူများ အနေဖြင့် မိုးဦးကာလ မိုးရွာသွန်းမှု နောက်ကျခြင်း၊ မိုးရေရရှိမှု အားနည်းခြင်းကြောင့် ထွန်ယက်မှု နောက်ကျခြင်း၊ပျိုးထောင်မှု နောက်ကျခြင်း၊ စိုက်ပျိုးနေသည့် ကာလတွင်လည်း မိုးရွာသွန်းမှု များပြားခြင်း စသည့်အခက်အခဲ များကြောင့် မိုးစပါးစိုက်ပျိုးရန်နောက်ကျနေကြောင်း သိရသည်။

''အခုနှစ် ရာသီဥတုက ဖောက်ပြန်တော့ စပါးစိုက်ရတာ အတော်ကို နှောင့်နှေးမှုတွေ ရှိတယ်။ လုပ်ငန်းတွေ လုပ်ရတာလဲ အဆင်မပြေ၊ နွေစပါး ရိတ်သိမ်းချိန် ကာလတုန်းကလဲ မိုးမလွတ်၊ လေမလွတ် ဖြစ်ပါတယ်။ ပျိုး စထောင်တော့ ရေမရလို့ နောက်ကျတယ်။ အခုစိုက်ချိန်ကျတော့ ရေများလို့ နောက်ကျပါတယ်''ဟု မိုးစပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။

မော်လမြိုင်ကျွန်း မြို့နယ်ရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြပြီး မြို့နယ်အတွင်း မိုးစပါး၊ နွေစပါး စိုက်ဧကစုစုပေါင်း ၂၆ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger