www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 5, 2017

ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်တွင် သားအဖချင်း စကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက ကတ်ကြေးဖြင့်ထိုး၍ သားဖြစ်သူသေဆုံး



ကျောက်ပန်းတောင်း ၅-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တမ္ပဝတီရပ်ကွက်တွင် အမွေတောင်းသည့် ကိစ္စဖြင့် သားအဖချင်း စကားများ ရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက ကတ်ကြေးဖြင့်ထိုး၍ သားဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာ ရပ်ကွက်နေသူ ဦးခင်မောင်ဝင်း (ဘ) ဦးသိန်းရွှေသည် ဇူလိုင် ၃ရက် ည၈နာရီ မိနစ်၃ဝက တမ္ပဝတီရပ်ကွက်ရှိ ဖခင်ဖြစ်သူ ဦးသိန်းရွှေ၏ နေအိမ်သို့ အလည်သွားရောက်စဉ် ညီဖြစ်သူ စိုးမင်းထက်နှင့် ဖခင်ဦးသိန်းရွှေတို့သည် အမွေတောင်းသည့် ကိစ္စနှင့်ပတ်သက်၍ တစ်ယောက် တစ်ခွန်းစကားများ ကြရာမှ ဖခင်ဖြစ်သူ ဦးသိန်းရွှေက နေအိမ်ထရံတွင် ထိုးထားသော ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ထိုသို့ အခင်းဖြစ်ပွားစဉ် သေဆုံးသူ၏ မိခင်ဖြစ်သူက ဝင်ရောက် ဖျန်ဖြေရာမိခင်ဖြစ်သူ ဒေါ်သန်းတင်တွင် ဝဲဘက်ပခုံးပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဝဲဘက်လည်ကုပ် ပြတ်ရှ ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိ၍ စိုးမင်းထက်တွင် ဝဲဘက်ရင်အုံအထက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာတင်ပါး ပွန်းပဲ့ဒဏ်ရာတစ်ချက် ဒဏ်ရာရရှိခဲ့ သောကြောင့် ဆေးရုံသို့ပို့အပ်ရာ စိုးမင်းထက်သည် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးခင်မောင်ဝင်း (ဘ) ဦးသိန်းရွှေက အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းရွှေ (ဘ) ဦးအောင်ကြည် တမ္ပ၀တီရပ်ကွက် နေသူကို ကျောက်ပန်းတောင်း မြို့မရဲစခန်းက (ပ) ၇၉/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂/၃ဝ၆ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger