www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

ကမ္ဘာ့ ကော်ဖီတင်ပို့မှု အများဆုံးစာရင်းဝင် ဗီယက်နမ်နိုင်ငံထက် မြန်မာ့ကော်ဖီက အရည်အသွေးပို၍သာလွန်ပြီး ပို့ကုန်အလားအလာ ကောင်းဖြစ်ပေါ်လျက်ရှိ



နေပြည်တော် ၃-၇-၂၀၁၇

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကော်ဖီတင်ပို့နိုင်မှု ဒုတိယအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် မြန်မာ့ကော်ဖီသည် ဗီယက်နမ်ကော်ဖီထက် အရည်အသွေးအားဖြင့် သာလွန်လျက်ရှိသဖြင့် ထုတ်လုပ်နိုင်မှု
အခြေအနေလည်း မြင့်မားလျက်ရှိရာ ပြည်ပပို့ကုန်အတွက် အလားအလာကောင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန နေပြည်တော်မှတာဝန် ရှိသူတစ်ဦးက ပြောပြသည်။

အာဆီယံဒေသတွင်း နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံအနေဖြင့် ကော်ဖီတင်ပို့မှုတွင် ကော်ဖီကြမ်းကိုသာ တင်ပို့နိုင်ပြီး မြန်မာ့ကော်ဖီတင်ပို့မှုမှာ Quality အမှုန့်များဖြစ်သဖြင့် လက်ရှိဗီယက်နမ်တင်ပို့မှု ထက်ပို၍သာလွန် ကောင်းမွန်သော အခြေအနေရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက် ပြောပြသည်။

အဓိကအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသမှ တင်ပို့နေခြင်းဖြစ်ပြီး NGO လုပ်ငန်းတစ်ခုဖြစ်သော win rock အဖွဲ့မှ နည်းပညာကူညီ ပေးလျက်ရှိသည်ဟု သိရသည်။

ယခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်မှု အခြေအနေကောင်းရန် ကြိုးပမ်းလျက်ရှိပြီး အသင်းအဖွဲ့များလည်း အင်အားကောင်းမွန် လျက်ရှိနေသည်ဟု သိရသည်။ ကော်ဖီလုပ်ငန်းအတွက် အလုပ်အကိုင် အခွင့်အလမ်းများ လည်းကောင်းမွန်နေပြီး အထူးသဖြင့် ကော်ဖီရွေးရန် ဒေသခံအမျိုးသမီးများ တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ရပ်တည်မှုရလာကြောင်း သိရသည်။ ပြည်ပပို့ကုန် အခြေအနေ ကောင်းမွန်မှုကြောင့် ရှမ်းပြည်နယ်အနှံ့တွင် ဘိန်းအစား ထိုးသီးနှံအဖြစ်လည်း UNOT နိုင်ငံတကာ အဖွဲ့အစည်းကလည်း ကူညီမှုများပေးလျက်ရှိပြီး မန္တလေးဘက်မှ မြန်မာကော်ဖီ အဖွဲ့အစည်းများ ပါဝင်ခြင်းကြောင့် ရွာငံဒေသတွင် ကော်ဖီစိုက်ပျိုးမှုကို ပိုမိုအားစိုက် လာသည်ဟု သိရ သည်။

ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီကိုခြံ ကျယ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသော်လည်း ရွာငံဒေသမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေရာမှ ဈေးကွက်တစ်ခု ဖော်ဆောင်နိုင်သည်အထိ အများအပြား စိုက်ပျိုးနိုင်ရေး ဦးတည် ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

''အခု ရှမ်းပြည်နယ်မှာ ကော်ဖီကို ထောပတ်ပင်နဲ့လဲ တွဲဖက်စိုက်ကြပါတယ်။ ဒါကြောင့်ဝင်ငွေလဲ တိုးတက်လာပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြသည်။

လက်ရှိအချိန်တွင် ကော်ဖီသည် အလားအလာကောင်းသော ပြည်ပပို့ကုန်ဖြစ်သဖြင့် ရှမ်းပြည်နယ်အပြင် ချင်းပြည်နယ်၊ သံတောင်ကြီးဒေသ တို့တွင်လည်း စိုက်ပျိုးမှုအားကောင်းလာပြီး စိတ်ဝင်စားမှုမြင့်မားသော သီးနှံတစ်မျိုြး ဖစ်လာခဲ့သည်။ သို့သော် တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများ လိုအပ်နေပြီး မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခက်အခဲများ အတွက်အစိုးရအား တင်ပြမှုများပြုလုပ်လျက် ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကော်ဖီကိုလတ်တလော အမျိုးအစား နှစ်မျိုးစိုက်ပျိုးပြီး အာရေးဗီးကားနှင့် ရူဘက်စတားမျိုး တို့ဖြစ်သည်။ ရူဘတ်စတားသည် မြေပြန့်ဒေသများတွင်လည်း စိုက်ပျိုးနိုင်ပြီး အာရေးဗီးကားမျိုးကို တောင်ပေါ်ဒေသ များတွင်သာ စိုက်ပျိုးမှုများကြောင်း သိရသည်။ ရွာငံဒေသ တောင်သူများသည် နိုင်ငံတကာသို့ ဈေးကွက်ထိုးဖောက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ ဆယ်စုနှစ် တစ်ခုခန့်ကြာ မြင့်ပြီဖြစ်ကြောင်း သိရသည်။

ကော်ဖီသည် အလားအလာ ကောင်းသီးနှံ ဖြစ်သည့်အပြင် ဈေးကောင်းရခြင်းကြောင့် တောင်သူများ အားထားနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လက်ရှိတွင် ကော်ဖီကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရေးအတွက် Workshop များပြုလုပ်၍ ပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နှစ်က တန်ချိန် ၈ဝဝဝ ခန့်ထိတင်ပို့ နိုင်ခဲ့ပြီး တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger