www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

မင်းစုံတောင်ဘေးမဲ့ တောတွင်ကြယ်လိပ်များ သဘာဝအတိုင်း မွေးမြူမှုအောင်မြင်



နွားထိုးကြီး ၃-၇-၂၀၁၇

နွားထိုးကြီးမြို့နယ်ရှိ ကြယ်လိပ်များကို သဘာဝအတိုင်း မင်းစုံတောင်ဘေးမဲ့တောတွင် လေးကြိမ်မြောက်ထိ ကြယ်လိပ် ၁ဝဝဝကျော် လွှတ်၍ မွေးမြူခဲ့ရာ ယခုနှစ်မေလနှင့် ဇွန်လတို့တွင် သားပေါက်နေပြီး ကြယ်လိပ်များ တိုးပွားနေကြောင်း မင်းစုံတောင်ဘေးမဲ့ တောအုပ်ချုပ်ရေးမှူးက ပြောပြသည်။

ကြယ်လိပ်မှာ မျိုးသုဉ်းတော့မည့်ကမ္ဘာ့ ရှားပါးတိရစ္ဆာန် စာရင်းဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မင်းစုံတောင်ဘေးမဲ့တောနှင့် ရွှေစက်တော်၌သာ သဘာဝအတိုင်း ပေါက်ပွားလျက်ရှိနေသည်။

နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောတွင် ကြယ်လိပ်များကို ဆက်သွယ်ရေး စက်များတပ်ဆင်ကာ တောထဲသို့လွှတ်၍ သဘာဝအတိုင်းမွေးမြူ သုတေသနပြုခဲ့ပြီး ဒေသခံများကို ပညာပေးစည်းရုံးမှုကြောင့် ယခုကဲ့သို့ ကြယ်လိပ်များ တိုးပွားလာခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့သားငှက်တိရစ္ဆာန် မွေးမြူရေးအဖွဲ့ WCF ၏ အကူအညီနှင့် မင်းစုံတောင်တွင် ခေတ်မီခြံခတ်မွေးမြူမှုမှာလည်း ကြယ်လိပ်များ တိုးပွားနေပြီး ယခုအခါ ကြယ်လိပ်အကောင်ရေ ၇၅ဝမွေးမြူ ထားကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger