www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 7, 2017

ပြည်တွင်းရှိ စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းများမှ သင်တန်းသားများခေါ်ယူ



ရန်ကုန် ၇-၇-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံသို့ လျှောက်ထားလိုသူ များသည် နေပြည်တော် (ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ဇွဲကပင်၊ လုံပီးနှင့် ကျောက်တော်မြို့တို့ရှိ စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းများ၌ ပညာသင်ကြားနိုင်ရန် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရန်လိုပြီး အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာတွဲဖြင့် အောင်မြင်ပြီးသူ၊ လျှောက်လွှာပိတ်ရက်တွင် အသက်၂၂ နှစ်ထက်မကြီးသူ ဖြစ်ရမည် ဖြစ်သည်။ထို့ပြင် ဝန်ထမ်းဖြစ်ပါက စိုက်ပျိုးရေး အထက်တန်း အောင်မြင်ပြီးသူ၊ အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာ ပိတ်ရက်တွင် အသက်၃၅ နှစ်ထက်မကြီးရဘဲ လုပ်သက်အနည်းဆုံး သုံးနှစ်ရှိရမည် ဖြစ်သည်။

ဝင်ခွင့် လျှောက်ထားရာတွင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ စာမေးပွဲအောင်မြင်ပြီး ဖြစ်ကြောင်းနှင့် နောက်ဆုံး ပညာသင်ကြားခဲ့သော ကျောင်းမှ ကျောင်းအုပ်ကြီး ၏ထောက်ခံချက်များ ပါရှိရမည် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ်စာရင်း (မူရင်း)၊ မိဘနှစ်ပါးနှင့် လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မိမိတက်ရောက် လိုသော မြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံသို့ လျှောက်ထားရမည် ဖြစ်သည်။

ဝန်ထမ်းဖြစ်ပါက လျှောက်လွှာကို သက်ဆိုင်ရာလုပ်ငန်း ဌာနမှတစ်ဆင့် ညွှန်ကြားရေးမှူး ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန ရုံးအမှတ် (၄၃) နေပြည်တော်သို့ ပေးပို့ရမည် ဖြစ်သည်။ လျှောက်လွှာပိတ်ရက်ကို သြဂုတ် ၃ဝ ရက်အထိ သတ်မှတ်ထားပြီး စိုက်ပျိုးရေးသိပ္ပံ တက်ရောက်ခွင့် ရရှိသူသည် သုံးနှစ်သင်တန်း တက်ရောက်ရမည် ဖြစ်ကာ ထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် သို့တက် ရောက်ရန် ဝင်ခွင့်စာမေးပွဲဖြေဆို ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger