www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၂ရပ်ကွက်ရှိ ဝဋ်ကြွေးတော်ပြေပရိဝုဏ်ဝင်းအတွင်း ဘုရားစိန်ဖူးတော်ခိုးယူနေသူတစ်ဦး ဖမ်းဆီးရမိ



ရန်ကုန် ၃-၇-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၂) ရပ်ကွက်ရှိ ဝဋ်ကြွေးတော်ပြေ ပရိဝုဏ်ဝင်းအတွင်း အမျက်တော် ပြေဘုရားပေါ်သို့ တက်ရောက်၍ ဘုရားစိန်ဖူးတော် ဖြုတ်ယူနေသူ တစ်ဦးကို ယနေ့ နံနက် ၂နာရီမိနစ် ၃ဝ ခန့်ကဖမ်းဆီးရ မိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းပရိဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များက ဘုရားဝင်းအတွင်း နေထိုင်သူ အမျိုးသားတစ်ဦး အမျက်တော် ပြေဘုရားပေါ်သို့ တက်ရောက်၍ ဘုရားစိန်ဖူးတော်ကို ဖြုတ်ယူလျက်ရှိကြောင်း မြွက်ကြားသောကြောင့် သံဃာတော်များနှင့်အတူ သွားရောက်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူသည် ကျော်မိုးထိုက်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော နှစ်လခန့်က ဘုန်းတော်ကြီးကျောင်းတွင် လာရောက်နေထိုင်သူ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားစိန်ဖူးတော် ခိုးယူနေသူ ကျော်မိုးထိုက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၁၁၉၁/၂ဝ၁၇၊ ပုဒ်မ-၂၉၅၊၃၇၉ /၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger