www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 2, 2017

ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက သီပေါရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၊အကြမ်းဖက်သောင်းကျန်းသူများက ကျောက်မဲမြို့၊ မန်တိုင်းရွာအနီးရှိ မီးရထားသံလမ်းအား မိုင်းဖောက်ခွဲမှုပြုလုပ်






နေပြည်တော် ၂-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ၊ သီပေါရဲစခန်းဝင်း အတွင်းသို့ ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အမည်မသိဆိုင်ကယ် မောင်းနှင်လာသူတစ်ဦးက ဒေသန္တရလက်ပစ်ဗုံး ၁ လုံးဖြင့် အဝေးမှပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

အဆိုပါ လက်ပစ်ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအုတ်တံတိုင်း အပေါ်ဘက်နှင့် အုတ်တံတိုင်းအနီး ရပ်ထားသော မတရားအသင်း အက်ဥပဒေ ပုဒ်မ-၁၇ (၁) အမှုမှ သက်သေခံယာဉ် လင်ခရူဆာအမျိုးအစား ယာဉ်အမှတ်၊ 6F/ --- တို့ အနည်းငယ်ထိခိုက် ပျက်စီးခဲ့သည်။

အလားတူ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကျောက်မဲမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ၊ မန်တိုင်းရွာအနီးရှိ မီးရထားသံလမ်းတွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲခဲ့ရာ ရထားလမ်းပျက်စီးမှု မရှိသော်လည်း ၆ ပေခန့်ရှိ ဇလီဖားတုံး ၁ တုံးမှာ ထက်ဝက်ခန့်ပျက်စီး သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နေရာနှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်သို့ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger