www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 14, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှဇွန်လကုန်ထိ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် သုံးသိန်းကျော်ထိ တင်ပို့ရောင်းချပေးနိုင်ခဲ့



နေပြည်တော် ၁၄-၇-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် သုံးသိန်းကျော်ထိ တင်ပို့ရောင်းချ ပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြောင်းများကို တရုတ်နိုင်ငံဈေးကွက်သို့ အဓိက တင်ပို့ရောင်းချ နေခဲ့သော်လည်း ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တို့သို့လည်းတင်ပို့ ရောင်းချ ပေးလျက်ရှိသည်။ ယခုအခါ တရုတ် ဝယ်လက် အဝယ်သွက်လာကာ ထိုင်းနိုင်ငံဈေးကွက်မှ ယခင်ကထက် ပိုမိုဝယ်ယူလာ၍ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ယခုနှစ် ဇွန် ၁ဝ ရက်မှ ၁၆ ရက်ထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့များကို မူဆယ်ကုန်သွယ်ရေး စခန်းမှ ၁၂၈၆၇ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၃၇၄၅ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ၉၇၆ တန်ခွဲနဲ့ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း မှ တန် ၂ဝတန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာလ အတွင်းတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၂၆၃ဝ တန်ဖိုးရှိ ပြောင်းတန်ချိန် ၁ဝဝ ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့သည်။ထိုသို့ပြည်ပ ဈေးကွက်များသို့ ပိုမိုတင်ပို့ရောင်းချ ပေးနေရသဖြင့် ယခုဘဏ္ဍာနှစ်တွင် ဇွန်လကုန်ထိ သုံးလအတွင်း ပြောင်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆သန်း နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger