www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 6, 2017

ဧရာဝတီမြစ်ရေ အနည်းငယ် မြင့်တက်လာမှုကြောင့် ကုန်တင်၊ ကုန်ချလုပ်သားများ ပစ္စည်းများတင်၊ချရာတွင် အခက်အခဲများဖြစ်ပေါ်နေ



မန္တလေး ၆-၇-၂၀၁၇

ဧရာဝတီမြစ်ရေ အနည်းငယ် မြင့်တက်လာမှုကြောင့် ကုန်တင်၊ ကုန်ချလုပ်သားများ ပစ္စည်းများတင်၊ ချရာတွင် အခက်အခဲများ ဖြစ်နေကြောင်း ကုန်တင်ကုန်ချ ကော်မတီရုံး (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခုလက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ အနည်းငယ်မြင့်တက် လာသည့်အတွက် ကုန်ပစ္စည်းများကို သင်္ဘောပေါ်သို့ တင်၊ချခြင်းများ ပြုလုပ်ရာတွင် အနည်းငယ်အခက် အခဲဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါ အခက်အခဲများ ဖြစ်ပေါ်မှုသည် ယခုအချိန်မျိုးတွင် နှစ်စဉ်ဖြစ်လေ့ရှိကြောင်း သိရသည်။

အဆိုပါအခက်အခဲ များသည် နှစ်စဉ် ဇွန်၊ ဇူလိုင်လ တို့တွင် ဖြစ်ပေါ်လေ့ရှိကြောင်း၊ ဧရာဝတီမြစ်ရေ ကမ်းနားလမ်းထိ တက်လာချိန်တွင် ကုန်တင်၊ ကုန်ချပြုလုပ်မည့် သင်္ဘောများသည် မြစ်ကမ်းဘေးသို့ ဆိုက်ကပ်နိုင်ပြီး ကုန်တင်၊ကုန်ချရာတွင် အဆင်ပြေသွားမည် ဖြစ်ကြောင်း သိရသည်။

''ရေနည်းနည်း မြင့်တက်လာတဲ့အတွက် ကုန်တင်၊ ကုန်ချပြုလုပ်တဲ့ သင်္ဘောတွေဆိုရင် နည်းနည်းကြန့်ကြာမှုတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကုန်တင်၊ ကုန်ချမယ့် သင်္ဘောတွေက တစ်စီးပြီးမှ တစ်စီးချရတဲ့အတွက် အချိန်ကြာပါတယ်။ အခုလိုအချိန် နည်းနည်းကြာပေမယ့် ကုန်စည်စီးဆင်းမှု ကိုတော့ ထိခိုက်မှုမရှိပါဘူး''ဟု ၎င်းကဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ကုန်တင်၊ ကုန်ချ ပြုလုပ်နေသည့် မန္တလေးဆိပ်ကမ်း၊ မရမ်းခြံဆိပ်ကမ်း၊ ဂေါဝိန်ဆိပ်ကမ်း စသည့် ဆိပ်ကမ်းများတွင် မှတ်ပုံတင်ထားသည့် လုပ်သားဦးရေ ၉ဝဝကျော်ဖြင့် ကုန်တင်၊ ကုန်ချလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ကုန်တင်ကုန်ချ ကော်မတီရုံး (မန္တလေး)မှ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger