ညောင်ဦး ၄-၇-၂၀၁၇
ညောင်ဦးမြို့နယ်တွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြီးကြပ်မှုဖြင့် ညောင်ဦးခရိုင်၊ မြို့နယ် လျှပ်စစ်ရုံးမှတာဝန် ရှိသူများနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းသို့ လက်ရှိလျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသည့် 5MVA ဓာတ်အားခွဲရုံကို 10MVA ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့သည် ခရီးသွားလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေရသည့် မြို့ဖြစ်သည်နှင့် အညီ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရန် ရည်ရွယ်၍ အဆိုပါ 5MVA ဓာတ်အားခွဲရုံကို 10MVA ဓာတ်အားခွဲရုံ အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ADB ချေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်း များပြီးစီး၍ စမ်းသပ်စစ်ဆေးရေး လုပ်ငန်းများ ပြီးစီးပါက 10MVA ထရန်စဖော်မာဖြင့် မြို့နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment