www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 10, 2017

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် ဝါဆိုလပြည့် ကျော် ၁ရက်ထိ ပန်းခူးသူ၊ ရေကစားသူများဖြင့် စည်ကား



ပေါင် ၁၀-၇-၂၀၁၇

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်၌် ဇူလိုင် ၈ရက် (ဝါဆိုလပြည့်နေ့) နှင့် ယနေ့ (ဝါဆိုလပြည့်ကျော် ၁ရက်)ထိ ဝါဆိုပန်းခူးသူ၊ ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ဇင်းကျိုက်ရေတံခွန်သည် မွန်ပြည်နယ်အတွင်း ထင်ရှားသော နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဝါဆိုလပြည်နေ့နှင့် လပြည့်ကျော် ၁ ရက်တို့တွင် ရေကစားကြသူများဖြင့် ပိုမိုစည်ကားလေ့ ရှိကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

''ဇင်းကျိုက်ရေတံခွန်က မိုးတွင်းမှ ရေကျတာ မိုးတွင်းတစ်ခုလုံး ရေလာကစားသူတွေနဲ့ စည်ကားနေတဲ့ နေရာတစ်ခုပါ။ အရင်တုန်းကဆို လူသိပ်မသိပေမယ့် အခုနောက်ပိုင်းတွေမှာ လူတွေပိုစည်ကား လာပါတယ်။ စည်ကားလာတာနဲ့အမျှ သတိပိုထား စေချင်ပါတယ်။ ရေတံခွန်မှာ မသွားရတဲ့ နေရာတွေ သတ်မှတ်ထားပါတယ်။ဒါကို ရပ်ဝေးက လာတဲ့သူတွေက သတိပြုစေချင်တယ်။ ဘာလို့လဲဆို အသက်အန္တရာယ် ထိခိုက်နိုင်လို့ တားမြစ်ထားတာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရပ်ဝေးမှ ရေလာကစားသူများ အနေဖြင့် သတိပြု ရေကစားစေလိုပြီး ရေတံခွန်ကို လူသိများပြီး ဖွံ့ဖြိုးစည်ပင်လာသည် နှင့်အမျှ ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာနိုင်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ယခုနှစ်ရာသီတွင် ရေလာကစားသူများ အန္တရာယ်မဖြစ်ပေါ် စေရေးအတွက် CCTV ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်ခြင်း၊ ယခင်နှစ်များထက် လုံခြုံရေး အင်အားတိုးမြှင့် ချထားကာ စောင့်ကြည့်ခြင်းများဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger