www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 7, 2017

ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာရှိ ဒေါ်ရင်ရင် (ဘ) ဦးအိုက်လင်း၏ နေအိမ်အား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဒေါ်ရင်ရင်ကို ဘိန်းဖြူမှုန့် ၂၅၀၈၀ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၂၀၉၀ ခွက်၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၉၉၅၀ ပြားနှင့် အလေးချိန် ၄၅၀ ဂရမ်ခန့်ပါ ဘိန်းဖြူဘလောက်တုံး အကြေမှုန့် ၁ ထုပ် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၅၂၁၈ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မူဆယ်မြို့ရှိ အမှတ် (၂၂) မူးယစ်တပ်စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger