www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 7, 2017

ရွေးကောက်ပွဲရဲ့နောက်ကွယ်မှာ ရုရှားရှိခဲ့တယ်လို့ ထင်မြင်ယူဆကြောင်း ထရန့်ပြောကြား



ဘာသာပြန်ဆောင်းပါး 

ပိုလန်နိုင်ငံ ဝါဆောမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ၂ဝ၁၆ ရွေးကောက်ပွဲရဲ့ နောက်ကွယ်မှာ ရုရှားရှိခဲ့တယ်လို့ မိမိ ထင်မြင်ယူဆကြောင်း ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံ ကလူတွေလဲ ဖြစ်နိုင်တာပဲလို့ ထပ်မံဖြည့်စွက်ခဲ့ပြီး ဘယ်သူမှ သေချာမသိပါ ဘူးလို့ပြောကြား ခဲ့ပါတယ်။

''အဲဒါ ရုရှားဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေကလဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဝင်ရောက်စွက်ဖက် ခဲ့တဲ့သူတွေ အတော်များလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်''လို့ ဒေါ်နယ်ထရန့်က ပိုလန်နိုင်ငံသမ္မတ Andrzej Duda နဲ့အတူ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး CNN နဲ့ NBC အပါအဝင် သတင်းမီဒီယာ တွေကိုလဲ ပြစ်တင်ဝေဖန် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းက ရုရှားပါလို့ပြော တဲ့အကြောင်း အမေးခံရတော့ ထရန့်က အမေရိကန် ထောက်လှမ်းရေးဟာ တစ်ချိန်ကလဲ အီရတ်နိုင်ငံမှာ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေရှိ တယ်လို့စွပ်စွဲခဲ့ တာပဲဆြိုပီး နှိုင်းယှဉ်ချေပ ခဲ့ပါတယ်။ ရုရှားလဲ ဖြစ်နိုင်သလို အခြားနိုင်ငံက အခြားလူတွေလဲ ဖြစ်နိုင်ကြောင်း၊ ဘယ်သူမှ သေချာမသိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တုန်းက အီရတ်မှာ လူအစုလိုက် အပြုံလိုက်သေစေနိုင်တဲ့ လက်နက်ရှိတယ်လို့ ဟိုတုန်းက ပြောခဲ့ကြတုန်းက ကျွန်တော်လဲ သေသေချာချာ နားထောင်နေ ခဲ့ပါတယ်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောတယ်ဆိုတော့ လူတွေကလဲ ၁ဝဝရာခိုင်နှုန်း ယုံကြည်ခဲ့ ကြပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကမှားနေခဲ့ပြီး အလုပ်ရှုပ်ထွေးတဲ့ ကိစ္စတွေ ဖြစ်စေခဲ့ပါတယ်လို့ ထရန့်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဝါဆောမှာ ထရန့် ဆွေးနွေးခဲ့တဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းဆိုတာ အိုဘားမားလက်ထက်ကနေ ထရန့်လက်ထက်ထိ အကျုံးဝင်ပါတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲ နောက်ကွယ်မှာ ရုရှားရှိခဲ့ တယ်လို့ အခိုင်အမာပြော နေတာကတော့ ထရန့်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။

ဟုတ်တာ၊ မဟုတ်တာ အခုအချိန်ထိ ဘယ်ဘက်ကမှ အထောက်အထား ခိုင်လုံစွာနဲ့ မပြနိုင်သေးပေမယ့် ဒီအရေးကိစ္စကြောင့် ဝါရှင်တန်မှာ စုံစမ်းစစ်ဆေးမှုတွေ အများကြီးပေါ်ပေါက်ခဲ့ပြီး အိမ်ဖြူတော်ထဲထိ ရောက်လာလို့ ထရန့် တစ်ယောက်အလုပ်ကို လွတ်လပ်စွာ လုပ်မရတော့ဘဲ သူထုတ်ပြန်ချင်တဲ့ အထူးအမိန့်တချို့ကိုတောင် ဆိုင်းငံ့ထားရပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ထရန့်က အိုဘားမားကိုလဲ အပြစ်တင်ခဲ့ပါတယ်။ အဲဒီတုန်းက သမ္မတက အိုဘားမားပါ။ ဒီတော့ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှုရှိခဲ့ရင် ဟန့်တားဖို့၊ကာကွယ်ဖို့၊ တိုက်ခိုက်ဖို့ တာဝန်ရှိတာ အိုဘားမားပြဲဖစ်တယ်။ ဒါပေမဲ့ အိုဘားမားဟာ သိသိကြီးနဲ့ ဘာဆိုဘာမှ မလုပ်ခဲ့ဘူးလို့ ထရန့်က အတိအလင်းပြစ်တင် ဝေဖန်ခဲ့ပါတယ်။

CIA ရုရှားဝင်မွှေနေပြီလို့ သတင်းပို့ပေမယ့် အိုဘားမားက ဘာမှမလုပ်ခဲ့တာ ဘာကြောင့်လဲ။ အိုဘားမား အကျပ်ရိုက်သွားလို့လို့ ပြောကြတယ်။ ဘာမှ အကျပ်ရိုက်စရာ မမြင်ပါဘူး။ အဲဒီတုန်းက ဟီလာရီကလင်တန် နိုင်မယ်လို့ အိုဘားမားက ထင်နေလို့ အဲဒီကိစ္စကို အရေးမယူတာပေါ့။ သူ့လူရှုံးသွားတော့မှပဲ ရုရှား ဝင်ရောက်စွက်ဖက် ခဲ့တာကို စုံစမ်းစစ်ဆေးရန်ဆိုတဲ့ အမိန့်မျိုးထုတ်တာပါလို့ ထရန့်က ပြောင်ပြောင်တင်းတင်းပဲ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အိုဘားမားက တရုတ်နိုင်ငံ ဟန်ကျုံးမြို့မှာ ကျင်းပခဲ့တဲ့ ၂ဝ၁၆ G-20 အစည်းအဝေးမှာ ရုရှားသမ္မတ ပူတင်ကို ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာတွေ သတင်းမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း တွေရှိနေပါတယ်။ အိုဘားမားက ပူတင်ကို ရပ်တန်းက ရပ်ဖို့၊ မရပ်ရင် ဖြစ်လာမယ့် အကျိုးဆက်က ဆိုးရွားပြင်းထန် လိမ့်မယ်လို့ သတိပေးခဲ့တယ်လို့ နောက်ပိုင်းမှာ ကိုယ်တိုင်ဖွင့်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာလဲ အမေရိကန် ပြည်ထောင်စုထဲ ကနေ ရုရှားသံတမန် ၃၅ဦးကို နှင်ထုတ်ခဲ့သလို မေရီလန်းနဲ့ နယူးယောက်ကရုရှားပိုင် ခြံဝင်းတွေကိုလဲ ပိတ်ထားစေခဲ့ပါတယ်။

ဒီတော့ အိုဘားမားဟာ ထရန့် စွပ်စွဲသလို မဟုတ်ဘူးလား၊ ထရန့်ကကော လက်ရှိအစွပ်စွဲ ခံနေရသလို မဟုတ်ဘူးလား၊ ဒါမှမဟုတ် ဟုတ်သလား။ အထူးကောင်စီက စုံစမ်းစစ်ဆေးနေတာ တွေရော ဘယ်ထိခရီး ရောက်နေပြီလဲ၊ ထရန့်တစ်ယောက်ရဲ့ အိမ်ဖြူတော်လဲ အရိပ်မည်းကြီး မိုးထားခံရရာကနေ လွတ်မြောက်မှာလား၊ ဒါမှမဟုတ် ဆိုးရွားတဲ့ အဆုံးသတ်နဲ့ကြုံတွေ့ မှာလားဆိုတာတွေကို ဆက်လက်စောင့်ကြည့် ကြပါဦးစို့လို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger