www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 21, 2017

မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်အတွင်း ယွမ်သိန်း ၁ဝဝ အကုန်အ ကျခံ၍ ကွန်ကရစ်ခင်းမည်



ရန်ကုန် ၂၁-၇-၂၀၁၇

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အဓိက နေရာဖြစ်သည့် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်အတွင်း ကုန်တင်ယာဉ်များ သွားလာမှုလွယ်ကူစေရန် ယွမ်သိန်း ၁ဝဝ အကုန်အကျခံ၍ ကွန်ကရစ်ခင်းခြင်း
လုပ်ငန်း ဆောင်ရွက်မည်ဖြစ် ကြောင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ရွှေလီမြို့တော်ဝန်က ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် လိုအပ်သောနေရာ၌ ပံ့ပိုးကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ရွှေလီမြို့တော်ဝန်က သူတို့ရဲ့ရန်ပုံငွေ ထဲကနေ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်အတွက် ဇုန်ဝင်ကြေးကောက်တာမျိုး အကျိုးတစ်စုံတစ်ရာ မယူဘဲ ကုန်တင်ယာဉ်တွေ ဝင်ထွက်စစ်ဆေးမှု အဆင်ပြေအောင်
လုပ်ပေးတာဖြစ် ပါတယ် ''ဟု (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန် ရှိသူတစ် ဦးက ပြောသည်။

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သည် နေ့စဉ် ပို့ကုန်ယာဉ်အစီးရေ ၅ဝဝ ခန့်နှင့် သွင်းကုန်ယာဉ်အစီးရေ ၄ဝဝ ခန့်ရှိပြီး ဇုန်အတွင်းရှိ မြေနေရာများ၌ ချိုင့်ခွက်များကြောင့် ကုန်တင်ယာဉ်များ သွားလာမှု အဆင်မပြေ ဖြစ်နေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ဇုန်တစ်ခုလုံးအတွက် ယွမ်သိန်း ၁ဝဝ မှာ မလုံလောက်သဖြင့် အရေးကြီးသည့် ပို့ကုန်၊ သွင်းကုန် စစ်ဆေးသည့် နေရာများကို ဦးစားပေး ခင်းကျင်းမည်ဖြစ် ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger