www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 5, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်မှ မော်တော်ယာဉ်ဖြင့် ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ပို့ဆောင်ပေးစဉ်။

တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၅-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ဇူလိုင် ၃ ရက်အထိ မြ၀တီနယ်စပ်ဂိတ်မှ ၂၀၄၇၅ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၂၇၃၄ ဦး၊ စုစုပေါင်း ၂၃၂၀၉ ဦး ၀င်ရောက်ခဲ့သည့်အနက် ၂၂၁၇၆ ဦးမှာ ၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၁၀၃၃ ဦးအား လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျ ရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

ယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ၀င်ရောက်လာသူ ၂၀၄၄ ဦးရှိသည့်အနက် ၁၆၅၀ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၁၉၇ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ် ၂ စီးအပါဝင် မြ၀တီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ၁၃ စီး၊ စုစုပေါင်း ၁၅ စီးဖြင့် အခမဲ့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger