www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားခဲ့သော လေယာဉ်အမှုထမ်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲပြုလုပ်


နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြင့်မော်ထံ စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၁၅-၆-၂၀၁၇

ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သော လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များအတွက် အလှူငွေပေးအပ်ခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းကြရာ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်နှင့် ဦးကျော်ဌေးတို့မှ ငွေကျပ်သိန်း ၃ဝဝ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့(ဗဟို)မှ ငွေကျပ်သိန်း ၁၅ဝ၊ မုဒုံမောင်မောင် ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၁ဝဝ၊ ငွေရတီဆက်သွယ်ရေး ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၁ဝဝ၊ Grand Guardian Insurance Public ကုမ္ပဏီမှငွေကျပ်သိန်း ၁ဝဝ၊ ရွှေတောင်ကုမ္ပဏီ လီမိတက်မှ ငွေကျပ်သိန်း ၁ဝဝ နှင့် အခြားစေတနာရှင် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယနေ့ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် ၁၁၃၇၈၃၅ဝဝ ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger