www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

မြေပြိုကျမှုကြောင့် လိပ်သို-ယာဒိုသွားကားလမ်းပိတ်ဆို့မှုအားဖယ်ရှားရှင်းလင်းပြီး မော်တော်ယာဉ်များ ပုံမှန် အတိုင်းသွားလာလျက်ရှိ


တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြေပြိုကျမှုကြောင့် လိပ်သို-ယာဒိုသွားကားလမ်း၌ 
ပိတ်ဆို့နေသော မြေသားများကို ဖယ်ရှားရှင်းလင်းပေးစဉ်။

နေပြည်တော် ဇွန် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ဇွန် ၁၃ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လိပ်သို-ယာဒိုသွားကားလမ်းရှိ မိုင်တိုင်အမှတ်(၃၀)မိုင်၊(၆)ဖာလုံ၌ မြေပြိုကျပြီး ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ စက်ယန္တရားများဖြင့် ရှောင်ကွင်းလမ်းဖောက်လုပ် ပေးခြင်းနှင့် လမ်းပိတ်ဆို့ နေသည့်မြေသား များအား ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့နံနက် ၉ နာရီခွဲခန့်မှစ၍ မော်တော်ယာဉ်များပြန်လည် သွားလာနိုင်ခဲ့ပြီး မြေသားရှင်းလင်း ဖယ်ရှားမှုအား အချောသပ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger