www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 11, 2017

ပျက်ကျသွားသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများအား ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့် အညီ ကောင်းမွန်စွာသဂြုင်္ိဟ်ပေး


ကျန်ရစ်သူမိသားစုဝင်များ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊မိသားစုများက ရုပ်အလောင်းတစ်လောင်းကို 
သင်္ဂြိုဟ်ပေးစဉ်။

တပ်မတော် (ရေ)မှ စစ်ရေယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ်။


နေပြည်တော် ၁၁-၆-၂၀၁၇

ပျက်ကျသွားသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရုပ်အလောင်း ၃၃ လောင်းအား ဆယ်ယူရရှိခဲ့ပြီး ရုပ်အလောင်း ၁၉ လောင်းအား ရုပ်မည် အတည်ပြုနိုင်ခဲ့သည်။

ယနေ့အထိ ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများအနက် အမျိုးအမည်ခွဲခြားနိုင်ပြီး သက်ဆိုင်ရာ မိသားစုများရောက်ရှိလာသည့် ရုပ်အလောင်း ၁၉ လောင်းအား ကျန်ရစ်သူ မိသားစုဝင်များ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူများက ဗုဒ္ဓဘာသာထုံးတမ်း စဉ်လာနှင့်အညီ ကောင်းမွန် စွာသင်္ဂြိုဟ်ပေးခဲ့သည်။

ယနေ့ဇွန် ၁ဝ ရက်နံနက်ပိုင်းတွင် ပင်လယ်ပြင်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာတစ်ဝိုက်၌ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရာသီဥတုပိုမိုဆိုးရွားနေပြီး လှိုင်းအမြင့် ၉ ပေခန့်နှင့် လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၂ဝ အတွင်းရှိနေ၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန် စောင့်ဆိုင်းနေခဲ့ရသည်။ ညနေ ၄ နာရီခန့်တွင် ရာသီဥတုအသင့်အတင့် ကောင်းမွန်လာသဖြင့် တပ်မတော် (လေ)မှ ရဟတ်ယာဉ်များ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger