www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 27, 2017

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးစများထိမှန်၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ


KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာရရှိခဲ့သော ဦးအိုက်စံကိုတွေ့ရစဉ်။

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးကို တွေ့ရစဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ နယ်မြေခံတပ်များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့်တွင် ကွတ်ခိုင်မြို့၏ အနောက်ဘက်နှင့် အနောက်တောင် ဘက်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်များမှ ပြန်လည်ပစ်ခတ်ရာ ၁၂ နာရီ မိနစ် ၅၀ တွင်ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်အနီးသို့ KIA/TNLA အကြမ်းဖက် သောင်းကျန်း သူများ၏ လက်နက်ကြီး ဗုံးသီးများကျရောက် ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ခန့် အကွာရှိ ပိန်းဟွယ်ကျေးရွာနေ ဒေါ်အေးအမ်နှင့် ဦးအိုက်ဒဲ့တို့နှစ်ဦးမှာ လက်နက်ကြီးစထိမှန်၍ သေဆုံးခဲ့ပြီး ဦးအိုက်စံမှာ ဦးခေါင်းတွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်ပြည်သူ့ ဆေးရုံ တွင် ဆေးဝါးကုသမှုများ ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နေရာအနီး တစ်ဝိုက်သို့ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger