www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 2, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊စစ်ဦးစီးချုပ် General Fang Fenghui အားဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့ မြဝတီတေးဂီတ အဖွဲ့က အကပဒေသာများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂-၆-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ည ၇ နာရီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui အားနေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဒုတိယ ကြည်းတပ်ဦးစီးချုပ်၊ ဒုတိယရေတပ် ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ဂုဏ်ပြု စစ်တီးဝိုင်းက နှစ်နိုင်ငံနိုင်ငံတော် သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား၍ တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတ အဖွဲ့ကတေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ် ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger