www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 2, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့် ပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်


တပ်မတော်သားများက စစ်တွေမြို့သို့ပို့ဆောင်မည့် ကုန်ပစ္စည်းများကို လေယာဉ်ပေါ်သို့တင်ဆောင်ပေးစဉ်။

နေပြည်တော် ၂-၆-၂၀၁၇

ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့် ပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် စားသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို မေ ၃၁ ရက်မှစတင်၍ တပ်မတော်လေယာဉ် များဖြင့်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ဆက်လက် ပို့ဆောင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ကုန်ပစ္စည်းများကို လေယာဉ်များပေါ်သို့ တင်ဆောင်ပေးလျက်ရှိရာ တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါလေယာဉ်သည် ရန်ကုန်မြို့မှ နံနက် ၁၁ နာရီတွင်ထွက်ခွာခဲ့ရာ စစ်တွေမြို့သို့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး တပ်မတော်သားများက လေယာဉ်ပေါ်မှတစ်ဆင့် မော်တော်ယာဉ်များ ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးသည်။

ရခိုင်ပြည်နယ် အတွင်းရှိ လေဘေးသင့် ပြည်သူများထံသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် စည်သွတ်ဘူးမျိုးစုံ (သား၊ငါး၊သီးစုံ) ၂၄၁ ဖာ၊ မာမီးခေါက်ဆွဲခြောက် ၂၅၂ တွဲ၊ မှော်ဘီခေါက်ဆွဲခြောက် ၉၀ ဖာ၊ ရွှေဖီဦးလက်ဖက်ရည် ၅၀ ဖာ၊ ရေသန့် (၁ လီတာ) ၆၀၀ဘူး၊ ရေသန့် (၂၀ လီတာ) ၁၅၀ဘူး၊ ၇ လက်မမှ ၁၂ လက်မ ဒန်အိုးခြောက်အိုးလျှင် တစ်စုံနှုန်းဖြင့် ဒန်အိုး အစုံ ၅၀၀၊ သွပ် ၁၆၀၀ ချပ်တို့အား တပ်မတော်လေယာဉ် များဖြင့် မေ ၃၁ ရက်တွင်နှစ်ကြိမ်၊ ယနေ့နံနက်ပိုင်းတွင် တစ်ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger