www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 19, 2017

FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ပါရှိသည့် Y-8 လေယာဉ်အမြီးပိုင်းအား ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့


ရှာဖွေတွေ့ရှိခဲ့သည့် တပ်မတော်သယ်ယူ ပို့ဆောင်ရေး Y-8 လေယာဉ်အမြီးပိုင်းအား ဆယ်ယူစဉ်။

တပ်မတော် (ရေ) မှတာဝန်ရှိသူများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ကိုရှာဖွေတွေ့ရှိခဲ့သည့် FDR-Flight Data Recorder (Black Box) နှင့် CVR- Cockpit Voice Recorder တို့ပါရှိသည့် Y-8 လေယာဉ်အမြီးပိုင်း နှင့်အတူ တွေ့ရစဉ်။

FDR-Flight Data Recorder (Black Box) နှင့် CVR- Cockpit Voice Recorder တို့ကိုတွေ့ရစဉ်။

နေပြည်တော် ၁၉-၆-၂၀၁၇

ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါ လေယာဉ် အမြီးပိုင်း နေရာပတ်ဝန်းကျင်တွင် အပိုင်းအစအချို့အား တွေ့ရှိပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ ဆယ်ယူနိုင်ခဲ့သည်။ 

အလားတူ လေယာဉ်အမြီးပိုင်းအား လေအိတ်များ အသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ တင်ဆောင် နိုင်ခဲ့သည်။ အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် လေယာဉ်အမြီးပိုင်း နှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေ တွေ့ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်း ရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger