www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 12, 2017

ရွှေဘိုမြို့နှင့် မုံရွာမြို့တို့တွင် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝဖြင့် ငှားရမ်းနေထိုင်နိုင်မည့် ပြည်သူ့ အိမ်ရာအငှားစာချုပ်များကို ချုပ်ဆိုသွားမည်



မုံရွာ ၁၂-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရွှေဘိုမြို့နှင့် မုံရွာမြို့တို့တွင် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝဖြင့် နေထိုင်နိုင်မည့် ပြည်သူ့အငှားအိမ်ရာများ၌ ယခုလကုန်တွင် အလွယ်တကူ ငှားရမ်းနေထိုင်နိုင်ရန် ပြည်သူ့အိမ်ရာ အငှားစာချုပ်များကို လာမည့်တစ်ပတ်အတွင်း ချုပ်ဆိုသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရသည်။

၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်က ဆောက်လုပ်ပြီးစီးခဲ့သော မုံရွာမြို့၊ ရွှေဘိုမြို့တို့ရှိ ပြည်သူ့အငှား အိမ်ရာများကို ယခုနှစ် ဇန်နဝါရီ ၃ဝမှ ဖေဖော်ဝါရီ ၁ဝရက်ထိ သက်ဆိုင်ရာမြို့နယ်များရှိ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများ ၌ လျှောက်လွှာများ ထုတ်ယူနိုင်ကြောင်း ကြေညာထားပြီး ဖြစ်သည်။

၎င်းအိမ်ရာများကို ပြည်သူလူထုများ အမြန်ဆုံးနေထိုင်နိုင်ရန် ယခုလအတွင်း အိမ်ရာအငှား စာချုပ်များကို ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အိမ် အငှားအိမ်ရာများသည် အဆောက်အအုံ တစ်လုံးလျှင် ၁၂ခန်းတွဲ ငါးထပ်အခန်းပေါင်း ၆ဝခန်းစီပါဝင်ပြီး မုံရွာမြို့သစ် ရပ်ကွက်တွင် နှစ်လုံး၊ ရွှေဘိုမင်းရွာ အုပ်စုတွင် နှစ်လုံးကို ပြည်ထောင်စုပံ့ပိုး ရန်ပုံငွေကျပ်သန်း ၂ဝဝဝဖြင့် တည်ဆောက် ထားခြင်းဖြစ်ပြီး ၎င်းအိမ်ရာများတွင် နေထိုင်လိုသူများ အနေဖြင့် သက်ဆိုင်ရာမြို့နယ် အတွင်း အနည်းဆုံးတစ်နှစ်ကြာ နေထိုင်ပြီးသူ၊ အတူနေမိသားစု နှစ်ဦးရှိသူ မြေယာပိုင်ဆိုင်ခြင်းမရှိဘဲ လက်ရှိ အိမ်ငှားနေထိုင်သူ မိသားစု လစဉ်ဝင်ငွေအနည်းဆုံး ငွေကျပ် ၂ဝဝဝဝဝနှင့် အများဆုံး ငွေကျပ် ၃ဝဝဝဝဝ ဝင်ငွေရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger