www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 12, 2017

ကုန်းကြမ်းမြို့နယ်၊ ဆုံကန်ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရစဉ်။

ဖမ်းဆီးရမိသူများကို တွေ့ရစဉ်။

နေပြည်တော် ၁၂-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ ဆုံကန်ကျေးရွာအနီးရှိ ရှင်ပင်ကိုင်း-ဆုံကန်-မော်ထိုက်သွား ကားလမ်း၌ သွားလာလျက်ရှိသည့် လူနှင့်ယာဉ်များအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ဇွန် ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ဆုံကန်မှ ရှင်ပင်ကိုင်းသို့သွားသည့် ဦးရန်ကျားဝမ်(ဘ)ဦးရန်ပင်ရှန်း၊ဦးကျုံရှောက်ရန်း(ဘ)ဦးကျုံရှန်းကြူနှင့် ဦးဖူရှိန်ကွေး(ဘ) ဦးဖူပုံလုံးတို့ အားစစ်ဆေးရာ ၎င်းတို့ထံမှ ဘိန်းဖြူမှုန့် သုည ဒသမ ၈ ဂရမ် ခန့်နှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားခြောက်ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ပြောကြားချက်အရ ဆုံကန်ကျေးရွာဈေးအပြင်ဘက်တန်းရှိ ဦးကျန်လောက်(ဘ)ဦးကျန်ကျောင်နှင့် ဒေါ်ဝမ်းမေ(ဘ)ဦးကျန်ကျောက်ဖာတို့၏ ဈေးဆိုင်အား သွားရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ WY/881/221 တံဆိပ် ရောရာပါစိတ်ကြွ ရူးသွပ်ဆေးပြား ၂၈၀၀ ပြား၊ ဘိန်းဖြူမှုန့် ၁ ဒသမ ၂ ဂရမ်တို့ကိုလည်းကောင်း၊ ၎င်းတို့၏နေအိမ်မှ WY/881/221 တံဆိပ်ရောရာပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား၊ ဘိန်းဖြူမှုန့် ၄ ဒသမ ၈ ဂရမ်၊တရုတ်ယွမ် ငွေ ၄၉၆၀ ယွမ်၊ မြန်မာကျပ်ငွေ ၃၄၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကိုလည်းကောင်း ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဒေါ်လီဆူဖိန်း(ဘ)ဦးလီပေါလော၏ဆိုင်ခန်းအား ဆက်လက်ရှာဖွေရာဒေါ်လီဆူဖိန်းကိုမတွေ့ရှိရဘဲ ဆိုင်အတွင်းမှ WY/881/221 တံဆိပ်ရောရာပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ ပြား၊ အိုက်စ်အဖြူရောင် အမှုန့်သုည ဒသမ ၅ ဂရမ်၊ ဘိန်းဖြူမှုန့် ၅ ဒသမ ၆ ဂရမ်နှင့်ဘိန်းညိုမှုန့် ၂၅၀ ဂရမ်တို့ကိုလည်းကောင်း၊ ၎င်း၏နေအိမ်မှ WY/881/221 တံဆိပ်ရောရာပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြား၊ အိုက်စ်အဖြူရောင် အမှုန့် ၃ ဂရမ်ခန့်နှင့်ဘိန်းမည်း ၄၅ ဂရမ်တို့ကိုလည်းကောင်း တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ် ကြောင်းသည် ည၇ နာရီခန့်တွင် ဆုံကန်မှ ရှင်ပင်ကိုင်းသို့ ဦးနှစ်လအောင်(ဘ) ဦးရှောက်ဝမ်း မောင်းနှင်၍ ဦးလော်ခွမ်း(ဘ) ဦးဖူကင်ဟုန်းနှင့် ဦးရန်ချန်း(ဘ)ဦးရန် ရှောက်ရှာတို့ လိုက်ပါလာသည့် ပရာဒိုအမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN-4C/--- အား ရပ်တန့် စစ်ဆေးရာ ကားဘောနပ်အဖုံးအတွင်းမှ ဘိန်းဖြူမှုန့် ၉၀၀ဂရမ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀ ပြား၊ တရုတ် ယွမ်ငွေ ၅၄၅၀၀ ယွမ်၊ မြန်မာကျပ် ငွေ ၁၈၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်းသုံးလုံးတို့နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ ရှစ်ဦး၊ မူးယစ်ဆေးဝါးများ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၄၀ကျော်)နှင့် ဆက်စပ်ပစ္စည်းများ အား ကုန်းကြမ်းမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger