www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 21, 2017

ရန်ကုန်မြို့တွင်း၌ တိုက်ခန်း အရောင်းအဝယ်ထက် အငှားသွက်နေ



ရန်ကုန် ၂၁-၆-၂၀၁၇

ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းအရောင်းအဝယ် ဈေးကွက်တွင် အရောင်းအဝယ်ထက် ငှားရမ်းမှု အခြေအနေမှာ ပိုသွက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

''အများဆုံးစိတ်ဝင်စားကြတဲ့ နေရာတွေက ဈေး၊ ကျောင်း၊ဘတ်စ်ကားဂိတ်တွေနဲ့ နီးတဲ့နေရာတွေပါ။ ငှားချင်တဲ့သူက များပြီး ငှားမယ့် တိုက်ခန်းဈေးတွေက အရမ်းမြင့်နေတယ်''ဟု အိမ်ခြံမြေအကျိုးဆောင် ဦးထွန်းမြင့်ကပြောသည်။

ထိုသို့အချက်အချာကျသော နေရာများရှိ တိုက်ခန်းများနှင့် လမ်းမတန်းတွင် ရှိသော တိုက်ခန်းများတွင် အများဆုံး ငှားရမ်းကြသော အခန်းများမှာ ငါးလွှာမှ ရှစ်လွှာကြား အခန်းများဖြစ်ကြပြီး ငှားရမ်းခမှာ အနည်းဆုံး ငွေကျပ် ၁၈ဝဝဝဝ မှ ၂၅ဝဝဝဝ ကြား ရှိကြောင်း၊ တိုက်ခန်း ငှားရမ်းရာတွင်လည်း အနည်းဆုံး ၁ဝ လပြတ်ဖြင့် စာချုပ်ချုပ် ဆိုရကြောင်း သိရသည်။

ထို့ပြင် အချက်အချာကျသော နေရာများရှိ မြေညီထပ်နေရာများ၌ ဆိုင်ခန်းငှားရမ်း မှုများရှိသော်လည်း နေထိုင်ရန် ငှားရမ်းမှုလောက် များပြားခြင်း မရှိကြောင်း၊ ကွန်ဒို တိုက်ခန်းများတွင်လည်း ကုမ္ပဏီရုံးခန်း ငှားရမ်းမှုများ ရှိနေပြီး ငှားရမ်းခမှာ နေရာ အချက်အချာကျမှုပေါ် မူတည်၍ ငွေကျပ် ၂၅ သိန်းမှ ငွေကျပ် သိန်း ၅ဝ နီးပါးအထိ ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger