နေပြည်တော် ၁၅-၆-၂၀၁၇
ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေရာအနှံ့အပြားတွင် ဇီဝမျိုးစုံမျိုးကွဲများ ထာဝစဉ်တည်ရှိ နေခြင်းဖြင့် ရာသီဥတု ကောင်းမွန်စေပြီး ဆေးဝါးအသုံးချမှုများတွင် အထောက်အကူ ပြုစေနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန(နေပြည်တော်) ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းများအရ သိရသည်။
ဇီဝမျိုးစုံမျိုးကွဲများ ဖြစ်သောအပင်နှင့် တိရစ္ဆာန် မျိုးရင်းမျိုးစိတ်များ၊ ဇီဝမျိုးရင်းသားငှက်များ စသည်တို့သည် ၎င်းတို့အချင်းချင်း အပြန်အလှန်ဆက်စပ်မှု များဖြစ်၍ ရာသီဥတု၊ သစ်ပင်သစ်တော၊ မြစ်ချောင်းအင်းအိုင်တို့၏ ဂေဟစနစ်ကို အထောက်အကူ ပြုကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းများအရ သိရသည်။
ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲတို့သည် လူသားတို့နှင့်သဘာဝ ပတ်ဝန်းကျင်ဂေဟ စနစ်အတွက် တိုက်ရိုက်အထောက် အကူပြုသကဲ့သို့ သွယ်ဝိုက်၍လည်း အကျိုးပြုလျက်ရှိသည်။ ဇီဝမျိုးရင်းသားရဲ၊ သားငှက်တို့၏ သဘာဝနှင့် လိုက်လျောညီထွေ နေထိုင်ကျက်စား မှုကြောင့်ရာသီဥတု၏ မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် ရေချိုရေသန့်များ၌ မကောင်းသော သဘာဝ အညစ်အကြေး၊ အဆိပ်အတောက် တို့ကိုလည်း ပျက်ပြယ်စေသည်။
ဇီဝမျိုးစုံမျိုးကွဲများ၏ သဘာဝအတိုင်း နေထိုင်ကျက်စား မှုကြောင့် သဘာဝတောရိုင်း သစ်ပင်များ ရှင်သန်မှုကိုလည်း အထောက်အကူ ဖြစ်စေ၍ ရာသီဥတုကိုလည်း မျှတစေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေရာအနှံ့အပြားတွင် ဇီဝမျိုးစုံမျိုး ကွဲများရှိနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝသစ်ပင်များမှ လူသားတို့အတွက် ဆေးဝါးအသုံးချမှုများ တွင်လည်း များစွာအထောက်အကူ ရရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းများအရ သိရသည်။
#Yadanarpondaily






No comments:
Post a Comment