www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 16, 2017

ထီးချိုင့်မြို့၌ အလယ်တန်းအဆင့် ဓမ္မစကူးဆရာဖြစ် သင်တန်းဆင်းပွဲ ကျင်း



ထီးချိုင့် ၁၆-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ဓမ္မစကူးဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် အလယ်တန်းအဆင့် ဓမ္မစကူးသင်တန်းဆင်းပွဲကို ဇွန် ၁၄ရက်ညနေ၃နာရီက ထီးချိုင့်မြို့ ရွှေတောရ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး မြို့နယ်ဓမ္မစကူး ဖောင်ဒေးရှင်းဥက္ကဋ္ဌ အလယ်တောကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဇောတိကက သြဝါဒစကား မြွက်ကြားသည်။

ထို့နောက် မြို့နယ်သာသနာရေးမှူး ဦးသန်းထွန်းဦးက သာသနာဆိုင်ရာများ လျှောက်ထားပြီး သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူဦးရေ၆ဝအားတစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger