www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 1, 2017

ကျောက်ဆည်မြို့ အရှေ့ဘက်ဒေသများတွင် ငရုတ်လှိုင်လှိုင်ပေါ်၍ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရဖြစ်နေ



ကျောက်ဆည် ၁-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ အရှေ့ဘက်ဒေသများတွင် ငရုတ်သီးစိုက်ခင်းများ လှိုင်လှိုင် ပေါ်သော်လည်း ဈေးကောင်းမရ သောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်း သိရ
သည်။

''ကျွန်တော်တို့ ဒေသကငရုတ် စိုက်ခင်းတွေ လှိုင်လှိုင်ပေါ်နေပြီး ဈေးက မနှစ်ကနဲ့စာရင်တော့ သိပ်မကောင်းဘူး။ မနှစ်ကငရုတ်သီး တစ်တင်းကို ငွေကျပ်၇၅ဝဝ၊ ၈ဝဝဝ ရောင်းရတယ်။ ဒီနှစ် တစ်တင်းကို ငွေကျပ် ၆ဝဝဝပဲ ဈေးပေါက်တယ်။ ဈေးမကောင်းတော့ သိပ်အဆင်မပြေဘူး။ ငရုတ်မျိုးစေ့က ကျောက်ဆည်မြို့ထိ တက်ဝယ်ရတာ။ မျိုးကတော့ ၆၉၂ မျိုးစိုက်တာ များတယ်။ တစ်ထုပ်ကို ငွေကျပ်၂၈ဝဝပေးရတယ်။ မျိုးစေ့ တစ်ထောင်ကျော် လောက်ပါတယ်။

တစ်ဧကကို မျိုးစေ့ ၁ဝထုပ်လောက် စိုက်ရတယ်။ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ် ငါးသိန်းကျော် ကုန်ကျပါတယ်။ ဈေးမကောင်းတော့ သိပ်အဆင်မပြေဘူး''ဟု ကျောက်ဆည်မြို့နယ် ပဲခင်းကျေးရွာမှ ငရုတ်စိုက်တောင်
သူတစ်ဦးက ပြောပြသည်။

မျိုးစေ့ကိုပေါင် နှင့်ပျိုးထောင် ရေလောင်းပေးပြီး ပျိုးပင်တစ်လ ခွဲခန့်မှစ၍ စိုက်ခင်းထဲ ပြောင်းစိုက်ကြောင်း၊ ပြာသိုလပြည့်ကျော်၊ တပို့တွဲလဆန်းခန့်တွင် စစိုက်ပြီး ထယ်ရေးပြင်၊ ရေတင်၊ ပေါင်းနုတ်၊ မြေသြဇာကျွေး၊ ဆေးဖျန်းခြင်း များ ပြုလုပ်ပေးရကြောင်း၊ စိုက်ပြီး သုံးလ၊ သုံးလခွဲခန့်တွင် အသီးစခူးဆွတ်ပြီး အိမ်ရောက်လျှင် နေလှန်းရကြောင်း၊ ၁ဝရက်ခြားတစ်ခါခူးပြီး တစ်ခါခူးလျှင် တစ်ဧကတင်း၎ဝ မှ၅ဝ ထိထွက်ကြောင်း၊ အထွက်နှုန်း ကောင်းပြီးဈေး ကောင်းမရသဖြင့် အဆင်မပြေကြောင်း ၎င်းကပြောပြသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ငရုတ်စိုက်တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်း မရသောကြောင့် အဆင်မပြေဖြစ် နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger