www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 19, 2017

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ချမ်းအေးသာစံမြို့နယ်က ၆၄ဒသမ ၉၄ရာခိုင်နှုန်းဖြင့် ပထမရရှိ



မန္တလေး ၁၉-၆-၂၀၁၇

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းအရ ခရိုင်အလိုက် မိတ္ထီလာခရိုင်က အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်ပြီး မြို့နယ်အလိုက်တွင် ချမ်းအေးသာစံမြို့နယ်က အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာန စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ခရိုင်ခုနစ်ခရိုင်တွင် အစဉ်လိုက်အောင်ချက် ရာခိုင်နှုန်းမှာ မိတ္ထီလာခရိုင်က ၄၅ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် ပထမ၊ မန္တလေးခရိုင်က ၄၃ ဒသမ ၉၅ ရာခိုင်နှုန်း၊ ပြင်ဦးလွင်ခရိုင်က ၄ဝ ဒသမ ၁၂ရာခိုင်နှုန်း၊ ညောင်ဦးခရိုင်က ၃၇ ဒသမ ၅၉ ရာခိုင်နှုန်း၊ ရမည်းသင်းခရိုင်က ၃၆ ဒသမ ၆၂ ရာခိုင်နှုန်း၊ ကျောက်ဆည်ခရိုင်က ၃၅ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် မြင်းခြံခရိုင်က ၃၁ ဒသမ ၅၁ ရာခိုင်နှုန်းတို့ဖြင့် ရပ်တည်နေကြောင်း သိရသည်။

မြို့နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းမှာ မန္တလေးခရိုင်မှ ချမ်းအေးသာစံမြို့နယ်က အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ပထမ၊ မိတ္ထီလာခရိုင်မလှိုင်မြို့နယ်က အောင်ချက် ရာခိုင်နှုန်း ၅၆ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်က အောင်ချက်ရာခိုင်နှုန်း ၅၂ဒသမ ၃၆ရာခိုင်နှုန်း ဖြင့်တတိယ၊ မိတ္ထီလာခရိုင်ဝမ်းတွင်း မြို့နယ်က ၄၆ဒသမ၈၂ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်က ၄၅ဒသမ၈ရာခိုင်နှုန်းဖြင့် ပဉ္စမ၊ မန္တလေးခရိုင် စဥ့်ကိုင်မြို့နယ်က ၄၂ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမ၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်က ၄၁ဒသမ ၁၆ရာခိုင်နှုန်းဖြင့် သတ္တမ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်က ၃၉ဒသမ ၅ ရာခိုင်နှုန်းဖြင့် အဋ္ဌမ၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်က ၃၈ဒသမ ၈၄ရာခိုင်နှုန်းဖြင့် နဝမနှင့် ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်က ၃၈ ဒသမ၁၁ရာခိုင်နှုန်းဖြင့် ဒသမအဆင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger