www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 23, 2017

ဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ကားဈေးကွက်တွင် ဈေးနှုန်းများ ပို၍မြင့်တက်လာ



မန္တလေး ၂၃-၆-၂၀၁၇

မန္တလေး ဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ်များ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ နေပြီးလူစီးများသည့် တရုတ်နိုင်ငံထုတ်ဘီးများ အရောင်းအဝယ် ဖြစ်နေကာ တရုတ်နိုင်ငံလုပ် အင်ဂျင်ပါဝါ 125 အမျိုးအစား CZI ဘီးများ ပို၍အဝယ်လိုက်လာ သကဲ့သို့ နောက်ဆုံးမော်ဒယ်ဖြစ်သည့် CZI အိပ်ဇောနှစ်လုံးပါ တရုတ်ဘီးများ အဝယ်ပိုများကြောင်း ဆိုင်ကယ်ဈေးကွက် အတွင်းမှသိရသည်။

ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံထုတ် MSX ဘီးမှာ ငွေကျပ်ကိုးသိန်း၊ New Anbo 110 မှာငွေကျပ် ရှစ်သိန်းငါးသောင်း၊ CZI (KAMAX) ငွေကျပ်ငါးသိန်း ငါးသောင်း၊ Tricker-250 CC ပုံပြောင်းငွေကျပ် ၁၇သိန်းခန့် ရှိပြီး အခြားသော တရုတ်နိုင်ငံလုပ် ဆိုင်ကယ်ဈေးနှုန်းများမှ ၁၁ဝ အမျိုးအစားများမှာ ငွေကျပ်ငါးသိန်းမှ ခြောက်သိန်းငါးသောင်းခန့်၊ အင်ဂျင်ပါဝါ 125 ရုပ်ဆိုး၊ 125 R၊ ငါးရိုး၊ RSX အမျိုးအစားများမှာ ငွေကျပ် ငါးသိန်းလေးသောင်းမှ ခုနစ်သိန်း နှစ်သောင်းခန့်၊ CZI ၂ဝ၁၇မော်ဒယ် အသစ်တစ်စီးငွေကျပ် ခြောက်သိန်းရှစ်သောင်းခန့်၊ CZI ဘီးအတုတ်များမှာ ငွေကျပ် ငါးသိန်းရှစ်သောင်းမှ ခြောက်သိန်းကိုးသောင်း၊ CZI အိပ်ဇောနှစ်လုံးဘီးများမှာ ငွေကျပ်ငါးသိန်းကိုးသောင်းမှ ခြောက်သိန်းငါးသောင်း၊ ဆိုင်ကလုန်း ငွေကျပ်ကိုးသိန်း လေးသောင်း၊ Toyomax ဒို ငွေကျပ် ၁ဝသိန်းရှစ်သောင်းရှိကြာင်း သိရသည်။

အခွန်နှုန်းထား ပြောင်းလဲမှုကြောင့် ကားဈေးနှုန်းများ ပို၍မြင့်တက်လာပြီး အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနှင့်အထက် ကားများကို ဝင်ငွေခွန်ကောက်ခံ နေခြင်းကြောင့် ယခုနှစ်အတွင်း၌ ကားဈေးနှုန်းများ အမြင့်ဈေးများဖြင့်သာ ရပ်တည်နေနိုင်ကြောင်း ကားဝယ်ရောင်း ပြုလုပ်သူများထံမှ သိရသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်၍ သက်တမ်း နှစ်နှစ်ဆယ်အပ် ကားများနှင့် အမည်ပေါက်စလစ်ဈေးများ ဆက်တိုက်ကျဆင်း လာကြောင်း၊ ယခုအခါ စလစ်ဈေးကွက်တွင် နှစ် ၂ဝ အမည်ပေါက်စလစ် ငွေကျပ် ၉၃သိန်း၊ အရည်ကျိုကားများမှာ ငွေကျပ် ၈၈သိန်း၊ စက်မှုဇုန် လိုက်ထရပ်အပ်ကား ငွေကျပ် ၄၅သိန်းခန့်၊ တက္ကစီစလစ် ငွေကျပ် ၉၄သိန်းခန့်၊ တိုက်ကြေစလစ် ငွေကျပ် ၈၈သိန်းခန့်၊ ဘတ်စလစ် ငွေကျပ် ၉၂သိန်းခန့် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger