www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 9, 2017

မုဒုံမြို့အနီးရှိ ၀ဲကလိချောင်းဝအနီး၌ သစ်မှောင်ခိုစက်လှေ တစ်စင်းသိမ်းဆည်းရမိ


သိမ်းဆည်းရမိတရား မဝင်ပိတောက်သစ်လုံးများ သယ်ဆောင်လာသည့် စက်လှေတစ်စင်းကိုတွေ့ရစဉ်။

နေပြည်တော် ၉-၆-၂၀၁၇

မွန်ပြည်နယ်၊ မုဒုံမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော် (ရေ)မှ တပ်မတော်သားများ ပါဝင်သော စစ်ရေယာဉ်သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဇွန် ၆ရက်ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် ညောင်ဝိုင်း ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ မသင်္ကာဖွယ်စက်လှေ တစ်စင်းအားစစ်ဆေးရန် မီးအချက်ပြ ခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၀ဲကလိ ချောင်းဝအနီး၌ စက်လှေအားကမ်းထိုး၍ ထွက်ပြေးသွားခဲ့သည်။

အဆိုပါစက်လှေအား စစ်ဆေးစဉ်လှေပေါ်မှ တရားမ၀င်သယ်ဆောင်လာသည့် ပိတောက်သစ်လုံးဆိုဒ်စုံ ၁၃ တန်ခန့်ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ရာ မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger