www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 9, 2017

မူဆယ်မြို့နယ်အတွင်း ဒေသန္တရလုပ်မိုင်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ ဒေသန္တရလုပ်မိုင်းများ ကိုတွေ့ရစဉ်။

နေပြည်တော် ၉-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းသည် ယနေ့နံနက် ၉ နာရီခန့်တွင် မော်တောင်းကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ ကားလမ်းမှ အမျိုးသားသုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား မသင်္ကာသဖြင့်ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ဆိုင်ကယ်အားထား၍ အနောက်ဘက်သို့ ထွက်ပြေး သွားခဲ့သည်။

အဆိုပါဆိုင်ကယ်အား သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဟန်းကော ချိုင့်များအတွင်း ထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရလုပ် လျှပ်စစ်ဒီတိုနေတာ အပေါက်နှစ်ခုပါ မိုင်းလေးလုံး ကိုတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

သိမ်းဆည်းရမိ မိုင်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီဖောက်ခွဲဖျက်ဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger