www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 30, 2017

မန္တလေးမြို့ သုဓမ္မာဇရပ်တန်းတွင် သပိတ်စခန်းဖွင့် လှစ်၍လယ်သိမ်းခံတောင်သူဦးရေ ၁၅ဝဝ ကျော်ဆန္ဒထုတ်ဖော်



မန္တလေး ၃၀-၆-၂၀၁၇

မန္တလေး အောင်မြေသာစံ မြို့နယ်ရှိ သုဓမ္မာဇရပ်တန်းတွင် သပိတ်စခန်းဖွင့် လှစ် ၍လယ်သိမ်းခံ တောင်သူဦးရေ ၁၅ဝဝကျော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြကြောင်း တံခွန်မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အဖွဲ့ချုပ်မှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လယ်သိမ်းခံ တောင်သူဦးရေ ၁၅ဝဝ ကျော်တို့သည် ယနေ့ နံနက် ၁၁နာရီကျော်မှစတင်၍ တရားစွဲဆိုခံထားရသည့် လယ်သိမ်းခံ တောင်သူများ၏အမှုကို အမြန်ဆုံး ပယ်ဖျက်ပေးရေး၊ တောင်သူလယ်သမား အရေးကူညီ ဆောင်ရွက်သူများ ကိုမတရား ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားမှုကို ပယ်ဖျက်ပေးရေးနှင့် သိမ်းဆည်းခံထားရသော လယ်ယာမြေများအရေးကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးရေးစသည်တို့ကို သပိတ်စခန်းဖွင့်လှစ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရထံတောင်းဆို ကြကြောင်း တံခွန်မြန်မာနိုင်ငံ လုံးဆိုင်ရာ တောင်သူ လယ်သမားအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

''မန္တလေးတိုင်း ဒေသကြီးထဲက လယ်သိမ်းခံတောင်သူ တွေအဓိကပါဝင်ပြီး တောင်းဆိုကြတာပါ။ ကျွန်တော်တို့ တောင်းဆိုထားတာတွေ မရမချင်း ဆန္ဒထုတ်ဖော်တာကို ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူး။ အခုကစပြီး နေ့ရော ညပါပြုလုပ် သွားမှာပါ''ဟု ၎င်းက ပြောပြသည်။

သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒထုတ်ဖော်ခြင်းကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၂မြို့နယ်မှ လယ်သိမ်းခံ တောင်သူများ စုပေါင်း၍ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အဆိုပါလယ်သိမ်းခံ တောင်သူများသည် ယနေ့ နံနက်၉ နာရီက မန္တလေးတောင်ခြေအနီး မှ ၁၂လမ်းသို့လည်းကောင်း၊ ၁၂ လမ်းမှ ၆၂လမ်းသို့လည်းကောင်း စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger