www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 20, 2017

ရေကြောင်းသွားလာရေး လွယ်ကူစေရန် စိုက်ထူထားသော ရေလမ်းညွှန်အမှတ်အသားများကို ဒေသခံများ ထိန်းသိမ်းပေးရန်လိုအပ်



မုံရွာ ၂၀-၆-၂၀၁၇

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအတွက် သက်ဆိုင်ရာ ရေလမ်းညွှန်ဌာနက စိုက်ထူပေးထားသော ရေပေါ်ပြ အမှတ်အသားနှင့် ကမ်းပေါ်ပြ အမှတ်အသားများကို ဒေသခံပြည်သူများ အနေဖြင့် ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရေလမ်းညွှန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် ရေလမ်းညွှန် အမှတ်အသားများကို ရေလမ်းညွှန်ဌာနက စိုက်ထူပေးလျက်ရှိကြောင်း၊ ထိုသို့ စိုက်ထူပေးထား သော်လည်း အချို့ဒေသများတွင် ၎င်းအမှတ်အသား များအနက် ကမ်းပေါ်ပြ အမှတ်အသားများ စိုက်ထူခြင်းကို ဒေသခံများက မလိုလားသဖြင့် ကန့်ကွက်သူ၊ ဖျက်ဆီးသူများရှိနေကြောင်း သိရသည်။

၎င်းအမှတ်အသားများ ရှိနေခြင်းဖြင့် စိုက်ထူထားသည့် နေရာများတွင် အကျိုးဆုတ်ယုတ်မှု မရှိဘဲ ရေယာဉ်များအတွက် ရာနှုန်းပြည့် အကျိုးသက်ရောက်မှုရှိ သောကြောင့် ဒေသခံများအနေဖြင့် ကမ်းပေါ်ပြ အမှတ်အသားများကို ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း သိရသည်။

''အများအားဖြင့် ကျွန်းမြေတောင်သူ တွေက ကမ်းပေါ်ပြ အမှတ်အသားစိုက်ထူ တာကို ကမ်းပြိုနိုင်တယ်၊ အခင်းပျက်တယ်ဆိုပြီး အစိုက်မခံကြဘူး။ ကျွန်တော်တို့ကလဲ ကမ်းပါးအနီးကပ်ပြီး စိုက်တာမဟုတ်ပါဘူး။ ကမ်းပါးနဲ့ ပေတစ်ရာခွာပြီး စိုက်ပါတယ်။ တချို့နေရာတွေဆို နေရာအခက်အခဲကြောင့် ကမ်းနံရံတွေကို ထုံး၊ ဆေးရိုက်ပြီး အမှတ်အသားပြထား ခဲ့ရပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger