www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 13, 2017

နမ့်ခမ်းမြို့နယ်အနီး တရားမဝင် သစ်တင်ယာဉ်များနှင့် သစ်များသိမ်းဆည်းရမိ



သိမ်းဆည်းရမိ တရားမဝင်သစ်တင်ယာဉ်နှင့် သစ်များကိုတွေ့ရစဉ်။

နေပြည်တော် ၁၃-၆-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ဟန်ကန်းကျေးရွာနှင့် မမြိုင်ကျေးရွာအကြား တရားမဝင်သစ် သယ်ယာဉ်များ ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဟင်လုံသစ်တော ဘိနယ်ရုံးမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းမှု များဆောင်ရွက်ရာ ဇွန် ၁၁ ရက် ည ၇ နာရီခွဲခန့်တွင် မမြိုင်ကျေးရွာနှင့် ဟန်ကန်းကျေးရွာအကြား ကားလမ်းဘေးချုံအတွင်း ရပ်တန့်ထားသည့် ယမ်း ဖောင်အမျိုးအစား တရားမဝင်သစ် တင်ယာဉ်သုံးစီးနှင့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၅ တန်ခန့် တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ် တစ်စီးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်များ နှင့်သစ်များအား နမ့်ခမ်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger