www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 26, 2017

ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းသို့ ပင့်ဆောင်ပူဇော်


ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများက ယာယီစံကျောင်းသို့ ပင့်ဆောင်ပူဇော်စဉ်။

နေပြည်တော် ၂၆-၆-၂၀၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတ၀န်းသို ကျောင်းတိုက်၌ ပြုလုပ်သော နိုင်ငံတော်သြ၀ါဒါ စရိယ၀န်းသိုကျောင်းတိုက် ဦးစီးပဓာန မဟာနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလ၀ံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းသို့ ပင့်ဆောင်ပူဇော်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဆားမှော်ကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဘာသ အမှူးပြုသော ဆရာတော်၊ သံဃာတော် များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။ 

ဦးစွာဆရာတော်၊ သံဃာတော်များထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဓမ္မရက္ခိတ၀န်းသို ကျောင်းတိုက်ဆရာတော်ကြီး၏ ဓာတ်ပုံတော်နှင့် အဆောင်အယောင်များကို ဦးစွာပင့်ဆောင်တော်မူကြပြီး ဥတုဇရုပ်ကလာပ်တော်အား ဆရာတော်ကြီး၏ တပည့်သံဃာတော်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများနှင့် ဆရာတော်ကြီး၏ ဆွေတော်မျိုးတော်များက ယာယီစံကျောင်းသို့ ပင့်ဆောင်ပူဇော်ကြသည်။

၎င်းနောက် ဆရာတော်၊ သံဃာတော်၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က “အနိစ္စာဝတ သင်္ခါရာ” အစချီသော သံဝေဂ (၃) ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger