www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 20, 2017

သီလဝါအထူး စီးပွားရေးဇုန် အပိုင်း (က) မှ ပြည်ပပို့ကုန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ခန့်တင်ပို့နိုင်မည်ဟု မျှော်မှန်းထား



ရန်ကုန် ၂၀-၆-၂၀၁၇

သီလဝါအထူးစီးပွားရေး ဇုန်အပိုင်း (က) ရှိ စက်ရုံများမှ ပြည်ပပို့ကုန်များအား တစ်နှစ်လျှင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း ၆ဝဝ ခန့် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လာမည့်နှစ်များတွင် သီလဝါအထူးစီးပွား ရေးဇုန်အပိုင်း (က) အတွင်း ပြည်ပပို့ကုန် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ယင်းဇုန်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၂ ခုအထိ ရင်းနှီး မြှုပ်နှံကာ လုပ်ကိုင်လျက်ရှိပြီး အထည်ချုပ်လုပ်ငန်းများ၊ ရှူးဖိနပ်လုပ်ငန်းများ၊ အရုပ်စက်ရုံများ၊ ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတို့မှာ ထုတ်လုပ်တင်ပို့ နိုင်ပြီဖြစ်ကြောင်းသိရ သည်။

ထို့ပြင်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အစားအစာနှင့် အလူမီနီယံ၊ စက်သုံးဆီ၊ လယ်ယာသုံးစက် ကိရိယာများ၊ဆေးဝါးနှင့် ဓာတ်မြေသြဇာ စသည်တို့ကို ထုတ်လုပ်လျက်ရှိသည်။ ယခုနှစ်မေလ ကုန်အထိ ဇုန်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၆၈သန်းကျော်ဖြင့် အများဆုံးရင်းနှီး မြှုပ်နှံထားပြီး ဒုတိယအများဆုံး အနေဖြင့် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော်ဖြင့် လာရောက် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁၅ဝခန့်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်မှန်းထားသည်။

သီလဝါအထူး စီးပွားရေးဇုန်သည် ဧရိယာအားဖြင့်ဟက်တာ ၂၄ဝဝ ရှိပြီးဇုန်အပိုင်း (က) တွင်ဟက်တာ ၄ဝဝပါဝင်ကာ တည်ဆောက်မှုအပိုင်းမှာ ၉၆ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။ ဇုန်အပိုင်း (က)အတွင်း တည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေသဖြင့် ၁ဝ၁ ဟက်တာရှိသော ဇုန်အပိုင်း(ခ)အား တည်ဆောက်မှု စတင်နေပြီဖြစ်သည်။ ယင်းဇုန်အတွင်း ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger