www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 14, 2017

ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်၊ ပျက်ကျလေယာဉ်မှရုပ်အလောင်းများ ထပ်မံတွေ့ရှိ


ကျွမ်းကျင်ရေငုပ်စစ်သည်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ်။

တပ်မတော်(လေ)မှ Y-8 လေယာဉ်အား စစ်ရေယာဉ်များဖြင့် ရှာဖွေရေးဆောင်ရွက်သည့်ဧရိယာပြပုံ (၁၃-၆-၂ဝ၁၇)

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ လေတပ်ဆွယ်(ထားဝယ်) (၁၃-၆-၂ဝ၁၇) ရက်နေ့တွင် ရှာဖွေရေးဆောင်ရွက်သည့် ဧရိယာပြပုံ

စစ်ဦးစီးအရာရှိချုပ် (ရေ ) အနီးကပ်ကြီးကြပ်မှုဖြင့် ပျက်ကျခဲ့သည့်တပ်မတော်ပို့ဆောင်ရေ့း -၈ လေယာဉ်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်။

နေပြည်တော် ၁၄-၆-၂၀၁၇

ပျက်ကျသွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား မြေပြင်တပ်များ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ် စစ်သည်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ပင်လယ်ပြင်အတွင်းနှင့် ကမ်းခြေတစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိသည်။

ယနေ့တွင် ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအား စစ်ဦးစီးအရာရှိချုပ် (ရေ)က စစ်ရေယာဉ်ပေါ်တွင် လိုက်ပါ၍ အနီး ကပ်ကြီးကြပ်ခဲ့သည်။ ပျက်ကျလေယာဉ်အား ပြန်လည်ရှာဖွေရာတွင် ဆိုနာစနစ် တပ်ဆင်ထားသည့် စစ်ရေယာဉ်အား အသုံးပြု၍ ရှာဖွေခြင်း၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ အသုံးပြု၍ ရေငုပ်ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့သည်။ ထို့အတူ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စစ်ဦးစီးအရာရှိချုပ် (လေ)က ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါကြပ်မတ်ပြီး ဝေဟင်မှ ပင်လယ်ပြင်အတွင်း တွေ့ရှိသည့်အချက်အလက်များ ပေါင်းစပ်၍ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၏ ရှာဖွေရေးလုပ်ငန်းများကို အထောက်အကူပြု ဆောင်ရွက် လျက်ရှိသည်။

အလားတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အသင့်စားသုံးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း များနှင့်နယ်မြေခံ တပ်မိသားစုများက စီစဉ်ဆောင်ရွက်ပေးသည့် ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက လိုက်လံဝေငှပေးသည်။

ယနေ့တွင် မောင်းမကန်-မရင်းကြီးကမ်းခြေ တစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် မြေပြင်တပ်များက အမျိုးသားရုပ်အလောင်း နှစ်လောင်းနှင့် ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း တစ်လောင်း၊စုစုပေါင်းရုပ်အလောင်း သုံးလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ် အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

ပင်လယ်ပြင်အတွင်း ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ ကျန်ရစ်သူမိသားစုများမှ ကြည့်ရှုစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိရာ ယခုအချိန်အထိ အမျိုးသားရုပ်အလောင်း ၂၄ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၂ဝ လောင်းနှင့် ကလေးရုပ်အလောင်း လေးလောင်း၊ စုစုပေါင်းရုပ်အလောင်း ၄၈ လောင်းအား ရုပ် မည်ခွဲခြားမှု ပြုလုပ်နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများ၊ တပ်မတော်လုပ်ထုံးလုပ်နည်း များနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger