www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 7, 2017

စားသုံးရန်မသင့်သော တရုတ်နိုင်ငံထုတ်ကြက်ဥများ မြေမြှုပ်ဖျက်ဆီး



မြစ်ကြီးနား ၇-၆-၂၀၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ မြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးဝင်းအတွင်း ယနေ့နံနက် ၁ဝနာရီက အများပြည်သူ စားသုံးရန်မသင့်သော တရုတ်နိုင်ငံထုတ် ကြက်ဥများကို မြေမြှုပ်ဖျက်ဆီးခဲ့သည်။

ယခုနှစ် မတ် ၃ဝရက် နံနက်၁ဝနာရီ မိနစ်၃ဝက ကန်ပိုက်တီနယ် စပ်ကုန်သွယ်ရေးစခန်းတွင် တရုတ်နိုင်ငံလုပ် ကြက်ဥဖာ ၉ဝ၊ အလုံးရေ ၃၂၄ဝဝဝ ကာလတန်ဖိုးငွေကျပ် ၂၅၂ဝဝဝဝကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိကြက်ဥများကို မြစ်ကြီးနားမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ပို့ဆောင်စစ်ဆေးစေခဲ့ရာ နယ်စပ်မှ တရားမဝင် တင်သွင်းလာသော တရုတ်ကြက်ဥများသည် ကြက်၊ငှက် တုပ်ကွေး ရောဂါဗိုင်းရပ်စ်ပိုးများပါရှိနိုင်ပြီး ဒေသတွင်း ကူးစက်ပြန့်ပွားလာပါက လူနှင့်မွေးမြူရေးခြံများသို့ ကူးစက်စေနိုင်ကြောင်း ၎င်းဌာနမှ ပြန်ကြားချက်အရ ယနေ့နံနက်တွင် မြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးတွင် ပြည်နယ်အကောက်ခွန် ဦးစီးဌာနမှူးဦးကြည် ဦး၊မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်ဌေးနှင့် တာဝန်ရှိသူများက မြေမြှုပ်ဖျက်ဆီး ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger