www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 7, 2017

အသေးစားအလတ်စားလုပ်ငန်းချေးငွေ တစ်နှစ်အတွင်း လုပ်ငန်းရှင်ခြောက်ဦးသာရရှိသေး



မန္တလေး ၇-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီးတွင် အသေးစားအလတ်စား လုပ်ငန်းများကို ထုတ်ချေးပေးနေသည့် Credit Guarantee Insurance (CGI) စနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ချေးငွေရရှိသည့် လုပ်ငန်းရှင်မှာ တစ်နှစ်ခန့်အတွင်း ခြောက်ဦးသာရရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

CGI ချေးငွေစနစ်ကို ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် ဇူလိုင်လမှ စတင်၍ CB ဘဏ်၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် အသေးစားအလတ်စား လုပ်ငန်းများ တိုးတက်ရေးဌာန တို့ပူးပေါင်း၍ ချေးငွေထုတ်ချေးပေး လျက်ရှိပြီး၂ဝ၁၇ခုနှစ် ဇူလိုင်လ၆ရက်ထိ CGI စနစ်ချေးငွေရှိရန် ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင် ဦးရေ ၁ဝဝ ကျော်ရှိရာ လုပ်ငန်းရှင် ၅၃ဦးကို SME Member အဖြစ် ထောက်ခံချက် ပေးထား၍ ချေးငွေကို လုပ်ငန်းရှင် ခြောက်ဦးအား ထုတ်ပေးထားကြောင်း သိရသည်။

Credit Guarantee Insurance (CGI) (အပေါင်ပစ္စည်းပါ ချေးငွေနှင့် အပေါင်ပစ္စည်းမဲ့ချေးငွေ) စနစ်များတွင် ချေးငွေပမာဏ နည်းပါးခြင်း၊ ချေးငွေရရှိရန်အဆင့်များ များလွန်းခြင်း၊ SME Member Card နှင့် မိရိုးဖလာလုပ်ငန်းများ များပြားနေခြင်း စသည့်အခက်အခဲများ ဖြစ်နေကြောင်း SME Working ကော်မတီဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

''CGI မှာက ချေးငွေပမာဏလဲ နည်းတယ်။ ဘဏ်ဘက်က အပေါင်ပစ္စည်း တောင်းတာလဲ ရှိသေးတယ်။ Business Plan တင်ပြရာမှာ ဒီကလုပ်ငန်းတွေက မိရိုးဖလာတွေများတော့ အခက်အခဲပြဿနာတွေ ရှိနေပါသေးတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။

လက်ရှိထုတ်ချေး ပေးနေသည့် Credit Guarantee Insurance (CGI) စနစ် အပေါင်ပစ္စည်းမဲ့ ချေးငွေမှာ အမြင့်ဆုံးငွေကျပ်သိန်း ၂ဝဝထိချေးပေးနေပြီး SME Two Step Loan ချေးငွေမှာ အပေါင် ပစ္စည်းလိုအပ်၍ အများဆုံး ချေးငွေကျပ် သန်းပေါင်း ၅ဝဝထိ ထုတ်ချေးပေးမည်ဖြစ်ကာ အတိုးနှုန်းမှာ ၈ ဒသမ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger