www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 22, 2017

ယခုနှစ် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ၃ ဒသမ ၅ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ဧပြီလကုန်ထိ ၁ ဒသမ ၂သန်းကျော် ဝင်ရောက်ခဲ့


မန္တလေးတောင်ပေါ်သို့ နိုင်ငံခြားသား ဧည့်သည်များ လာရောက်လည်ပတ်နေသည်ကို တွေ့ရစဉ်။

နေပြည်တော် ၂၂-၆-၂၀၁၇

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၃ ဒသမ ၅ သန်း ခန့်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ယခုနှစ် ဧပြီလကုန်ထိ နိုင်ငံခြားသားဧည့်သည် ဦးရေ ၁ဒသမ၂သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၅ ရာခိုင်နှုန်းတိုးတက် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၆ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ငါးသန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ကုန်သည်ထိ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်ခဲ့မှုမှာ ၂ ဒသမ ၉သန်းသာ ဝင်ရောက်ခဲ့သည်။ ယခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၃ ဒသမ ၅သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ် နှစ်ဆန်းပိုင်းမှ ဧပြီလကုန်ထိ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ သုည ဒသမ ၉သန်းသာရှိခဲ့သဖြင့် ယခုနှစ်ကာလတူ ဖြစ်သည့် ဧပြီလ ကုန်ထိနိုင်ငံခြားသား ဧည့်သည် ၁ ဒသမ ၂သန်းဝင်ရောက်ခဲ့ရာ ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းတိုးတက် ဝင်ရောက်လာသည်ဟု ဆိုသည်။

''မနှစ်ကတော့ အကြောင်းအမျိုးမျိုး ကြောင့်ရော ရာသီဥတု အနေအထားအရပါ နိုင်ငံခြားသားဝင်ရောက်မှုက မှန်းထားသလောက် မဝင်ခဲ့ပါဘူး။ ဒီနှစ်တော့ အရင်နှစ်ကလောက် မခန့်မှန်းထားပါဘူး။ ဧပြီလကုန်ထိကို ၁ ဒသမ ၂ သန်း ဝင်လာတယ်ဆိုတော့ နှစ်ကုန်ထိဆို မျှော်မှန်းထား သလောက်တော့ ဝင်နိုင်ပါတယ်'' ဟုအဆိုပါဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ် လျက်ရှိရာ ဒေသ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သဘာဝအလှ တရားများကို လေ့လာနိုင်စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco-tourism ဖော်ဆောင်မှုများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများကို UNESCO မှ အသိအမှတ်ပြု နိုင်ရန်ဆောင်ရွက် မှုများနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို တိုးမြှင့်ဖော်ဆောင် လျက်ရှိကြောင်း၊ ထို့ပြင် ယခုနှစ်အတွင်း မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ကား စသည့်ယာဉ်တန်းများဖြင့် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်လာမှုမှာ မေလထိ ၂၂၉၁ ဦးရှိခဲ့ရာ ယခင်နှစ်ထက် ၅ရာခိုင်နှုန်း တိုးတက်ဝင်ရောက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger