www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 21, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး Army General Sergey K. Shoigu ကဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Army General Sergey K. Shoigu တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Army General Sergey K. Shoigu တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်Alexander ပန်းခြံရှိ မငြိမ်းသော မီးတောက်ထားရှိသည့် အညတရ စစ်သည်ဗိမာန် သို့သွားရောက်၍ပန်းခွေချအလေးပြုစဉ်။

နေပြည်တော် ၂၁-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး Army General Sergey K. Shoigu က ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယနေ့ ဒေသစံတော်ချိန်နံနက် ၁၁ နာရီခွဲတွင် ရုရှားကာကွယ်ရေးဝန်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာရောက်ရှိကြရာ ကာကွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားနိုင်ငံကာကွယ်ရေး ၀န်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော်အကြီးအကဲများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေတို့တက် ရောက်ကြပြီး ရုရှားကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယ၀န်ကြီး Alexander Fomin နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားကာကွယ်ရေး ၀န်ကြီးတို့သည် ကာကွယ် ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားကာကွယ်ရေးဝန်ကြီးက Y-8 လေယာဉ် မတော်တဆပျက်ကျ၍ တပ်မတော်သား အရာရှိ၊ စစ်သည်နှင့်မိသားစုများ အသက်ဆုံးရှုံးရမှုအပေါ် ၀မ်းနည်းကြောင်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ကရုရှားသမ္မတ ဗလာဒီမာပူတင်မှ ဇွန် ၈ ရက်တွင် Y-8 လေယာဉ်ပျက်ကျမှုအပေါ် ၀မ်းနည်းကြောင်း အသိပေးအကြောင်းကြားလာမှုအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးက ယခုလိုဝမ်းနည်းကြောင်း ပြောကြားမှုအပေါ်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်ဆိုင်ရာဆေးပညာသင်တန်းများ စေလွှတ် ရေး၊စစ်ဘက်အားကစား ပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်ရေး၊ အာဆီယံအပေါင်းရုရှား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံတပ်မတော် ရေတပ်စစ်ရေယာဉ်များ အပြန်အလှန်ဆိုက်ကပ်ရေး၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိ ကြီးများအပြန်အလှန် လည်ပတ်ရေးနှင့် ပညာတော်သင်အရာရှိ သင်တန်းသားများ တိုးချဲ့စေလွှတ်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရုရှားကာကွယ်ရေးဝန်ကြီးက မော်စကိုမြစ်အတွင်း သင်္ဘောပေါ်တွင်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ရုရှားတပ်မတော်တေးဂီတအဖွဲ့က တေးသံများဖြင့် သီဆိုတီးမှုတ်ဖျော် ဖြေကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီဆိုတီးမှုတ် ဖျော်ဖြေခဲ့သော ရုရှားတပ်မတော် တေးဂီတအဖွဲ့အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ကလည်း Alexander ပန်းခြံရှိ မငြိမ်းသောမီးတောက်ထားရှိသည့် အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger