www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 29, 2017

(၁၁)ကြိမ်မြောက်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးကျင်းပ



နေပြည်တော် ၂၉-၅-၂၀၁၇

(၁၁)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ UPDJC ဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကနိုင်ငံရေး ဆွေးနွေးပွဲများအောင်မြင်မှ မိမိတို့ မျှော်မှန်းသည့် ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု မူဘောင်၏သတ်မှတ် ချက်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပပြီး တိုင်းရင်းသား လူမျိုးများ၏ ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးမှုများကိုစုစည်းကာ UPDJCသို့တင်ပြခြင်း ဖြစ်ကြောင်း၊ အဆိုပါစုစည်းမှု၊ အဆိုပြုမှုများကို UPDJC တွင်အကျေအလည် ညှိနှိုင်း အတည်ပြုပြီး ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအသီးသီးမှ UPDJC အတွင်း ရေးမှူးများ အဖွဲ့သို့ တင်ပြလာသော အဆိုပြုချက်များကို အကျေအလည် ဆွေးနွေးပြီး သဘောတူညီနိုင်သည့် အချက်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေး သည့်အခါတွင်လည်း မူလရည်ရွယ်ချက်အတိုင်း အားလုံး လက်ခံနိုင်သည့် အဆိုပြုမှု များရရှိမည် ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) နောက်ဆုံးနေ့ အစီအစဉ် များကို လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် UPDJC ဒုတိယဥက္ကဋ္ဌများဖြစ် ကသည့် ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေ တို့က နိဂုံးချုပ် အမှာစကား ပြောကြား ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့်အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့မှကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအစု အဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးနှင့် တာဝန် ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger