www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 23, 2017

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ သက်ဆိုင်ရာမြို့ အသီးသီးသို့ ပြန်လည်ထွက်ခွာ


နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ ရေကြောင်းနှင့် လေကြောင်း
လူငယ် မောင်မယ်များအား နေပြည်တော် ဘူတာကြီး၌လိုက်လံပို့ဆောင်နှုတ်ဆက်စဉ်။

နေပြည်တော် ၂၃-၅-၂၀၁၇

နေပြည်တော်ကောင်စီ နယ်မြေအတွင်း လေ့လာရေးခရီး ရောက်ရှိနေသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) နှင့်လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ သက်ဆိုင်ရာမြို့ အသီးသီးသို့ တပ်မတော် လေယာဉ်၊ မီးရထားနှင့် မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာ ကြသည်။

ထို့ပြင် မီးရထားဖြင့်နေရပ် ပြန်မည့် သင်တန်းသား၊ သင်တန်းသူများအား နေပြည်တော် ဘူတာကြီး၌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger