www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 4, 2017

မြနန်းစံကျော် ရွှေနန်းတော်သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက် ၂ဝ၁၆-၂ဝ၁၇တွင် များပြားလာ



မန္တလေး ၄-၅-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြနန်းစံကျော် ရွှေနန်းတော်သို့ ပြင်ပခရီးသွားဦးရေ ၈၃၃၁၅ဦး နှင့် ပြည်တွင်းခရီးသွားဦးရေ ၄၅၂ဝ၁၉ ဦး ဝင်ရောက်ခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက် ဝင်ရောက်မှု များပြားလာပြီး ဝင်ကြေး ငွေကျပ် ၉ဝ၄ဝ၃၈ဝဝ ရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပြည်တွင်း ခရီးသွားများအနေဖြင့် မြနန်းစံကျော် ရွှေနန်းတော်သို့ ဝင်ကြေး ငွေကျပ် ၂ဝဝ သတ်မှတ်ထားပြီး
 ပြည်ပခရီးသွားများကို မန္တလေးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်း၊ အတုမရှိ၊ ဗားကရာကျောင်း (အမရပူရ)၊ အင်းဝမယ်နု အုတ်ကျောင်းစသည့် နေရာများအတွက်
ဝင်ကြေးငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။

''၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ခရီးသွားဝင်ရောက်မှုကတော့ ပြည်တွင်းရော၊ ပြည်ပရော သိသိသာသာကို တိုးတက်မှုရှိပါတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။ မြနန်းစံကျော် ရွှေနန်းတော် အတွင်းရှိ ယဉ်ကျေးမှု ပြတိုက်တွင်၁၉ရာစု ရတနာပုံခေတ်သုံး ဒင်္ဂါးပြားများ အပါအဝင် နန်းတွင်းအသုံး အဆောင်ပစ္စည်း အမျိုးအမည် ၁ဝဝကျော် ခင်းကျင်းပြသထားပြီး ယခုလက်ရှိအချိန်တွင် နေ့စဉ်ပြည်တွင်း၊ ပြည်ပခရီးသွား ဦးရေ၂၈ဝဝခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြနန်းစံကျော် ရွှေနန်းတော် သို့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပခရီးသွားဦးရေ ၁၄၁၂၃ဦး နှင့် ပြည်တွင်း ခရီးသွားဦးရေ ၁၁၂၃၁၉ ဦး ပိုမို ဝင်ရောက်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger