www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 8, 2017

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံက ကန်ဒေါ်လာသန်း ၁၉၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြုပ်နှံခဲ့


နေပြည်တော် ၈-၅-၂၀၁၇

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ် ငန်းကဏ္ဍ၌ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူ နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၉ဝကျော်ဖြင့် အများဆုံးရင်းနှီး မြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ြကီး ဌာနသတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်လာ နေသောအခြေ အနေများနှင့် သိသာစွာဖွံ့ဖြိုး တိုးတက်လာနေ သော်လည်း ခရီးသွား လုပ်ငန်းများ၏ အခြေအနေနှင့် အလားအလာများကြောင့် နိုင်ငံ တကာဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ၏ဟိုတယ် လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အတူ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းများမှလည်း အခြေအနေနှင့် အလားအလာ ကောင်းများရှိနေသည့် ဟိုတယ်လုပ်ငန်း များတွင်ရင်းနှီး မြှုပ်နှံလုပ်ကိုင် ဆောင်ရွက်ခဲ့ ကြသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဟိုတယ်စီမံကိန်း ၅၆ခု ထိရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ဘီလီယံ ထိရှိခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ နှစ်တွင် မြန်မာနိုင်ငံ၏ ဟိုတယ် လုပ်ငန်းများ၌ နိုင်ငံတကာမှ လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင် ရွက်ခဲ့သည့် အခြေအနေများမှာ စင်ကာပူနိုင်ငံက အမေရိကန် ဒေါ်လာသန်း ၁၉ဝကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင် ရွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး နေရာတွင်ရှိနေပြီး ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ၅သန်း၊ ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၆သန်း ရင်းနှီး မြှုပ်နှံကာ စင်ကာပူနိုင်ငံပြီးနောက် အများဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger