www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 23, 2017

မိုးဦးကာလ၌ ဧရာဝတီမြစ်အတွင်း သင်္ဘောများ အန္တရာယ်ရှိနိုင်သောကြောင့် ဇွန်လအတွင်း ရေလမ်းညွှန်အမှတ်အသား အခု ၃၃ဝ ကို စိုက်ထူဆောင်ရွက်ပေးမည်



မန္တလေး ၂၃-၅-၂၀၁၇

မိုးဦးကာလ၌ ဧရာဝတီမြစ်အတွင်း သင်္ဘောများ လမ်းမှားကာ အန္တရာယ်ရှိနိုင် သောကြောင့် ဇွန်လအတွင်း ရေလမ်းညွှန် အမှတ်အသား စုစုပေါင်း ၃၃ဝ ကိုရေယာဉ်လေးစီးဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ဒေသ-၅)မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း နွေဥတုကာလ ရေနည်းချိန်တွင် မြစ်အတွင်း သွားလာနေသည့် သင်္ဘောများ အနေဖြင့် သောင်တင်သည်ကလွဲ၍ စိုးရိမ်ပူပန်စရာမရှိသော်လည်း မိုးဥတုကာလတွင် ဧရာဝတီမြစ်အတွင်း၌ ရေတက်လာမည် ဖြစ်သည့်အတွက် သင်္ဘောများအနေဖြင့် ညွှန်ပြထားသည့် ရေကြောင်းအတွင်းမှ မသွားဘဲ အန္တရာယ်ရှိသည့် လမ်းကြောင်းထဲ ဝင်ရောက်သွားပါက သင်္ဘောများ နစ်မြုပ်မှု များထိပါ ဖြစ်ပွားနိုင်ကြောင်း၊ ထိုသို့ဖြစ်ပွားမှု မရှိစေရေးအတွက် စိုက်ထူပေးထားသည့် ရေလမ်းညွှန် အမှတ်အသားများ ကိုလည်း ဂရုတစိုက်ကြည့်ရှုကာ သွားလာကြရန် လိုအပ်ကြောင်း၊ လာမည့်ဇွန်လ အတွင်း၌လည်း ဗန်းမော်မန္တလေး-စဥ့်ကူ ရေလမ်းကြောင်း တစ်လျှောက်တွင် ရေပေါ်ပြအမှတ် အသားအခု ၁၇ဝနှင့်ကမ်းပေါ်ပြ အမှတ်အသားအခု ၁၆ဝကို စိုက်ထူ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ဧရာဝတီမြစ်ရေ အနည်းငယ်မြင့်တက် လာခဲ့ပြီးမြစ်အတွင်း သောင်ဖြစ်ထွန်းမှုမှာ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ မြစ်အတွင်း သွားလာနေကြသည့် သင်္ဘောများသည်လည်း ရေကြောင်းရှာစရာမလိုဘဲသွားလာနေကြကြောင်း၊ သင်္ဘောများအနေဖြင့် ရေများနေသည့်အတွက် လိုသလိုမောင်းနိုင်သော်လည်း ရေလည်တိုင် စသည့်နေရာများတွင် အရှိန်လျှော့ကာ မောင်းနှင်သင့်သည့် အပြင် ရာသီဥတု အခြေအနေ ကိုလည်း သေချာကြည့် ပြီးမှသာ သွားလာကြရန် လိုကြောင်းသိရသည်။

''ဒီလအတွင်း မြစ်ရေတက် နေတယ်ဆိုပြီး ထင်ရာလမ်းကြောင်း တွေကနေ သင်္ဘောတွေသွားလာ တာတွေ မလုပ်ကြပါနဲ့။ လမ်းကြောင်းမှားရင် သောင်တင်မှုတွေ ဖြစ်နိုင်တယ်။ ပြီးတော့ မိုးဥတုကာလက အရေးကြီးပါတယ်။ရေများတယ်ဆိုပြီး တအားမောင်း တာတွေမလုပ်ဖို့ရယ်၊ လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်တွေကိုလဲ ဂရုပြုကြဖို့ရယ် လိုပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger