www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 23, 2017

စင်ကာပူရေတပ်၏နှစ် (၅ဝ) ပြည့်ရွှေရတု အခမ်းအနားနှင့် နိုင်ငံတကာရေကြောင်း ကာကွယ်ရေး ဆိုင်ရာပြပွဲသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော် (ရေ) မှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်)ပြန်လည်ရောက်ရှိ


စစ်ရေယာဉ် (ဆင်ဖြူရှင်) ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိရာ
တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၂၃-၅-၂၀၁၇

စင်ကာပူနိုင်ငံတွင် မေ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူရေတပ်၏ နှစ် (၅ဝ) ပြည့်ရွှေရတု အခမ်းအနား International Maritime Review(IMR-2017) နှင့် နိုင်ငံတကာရေကြောင်း ကာကွယ်ရေး ဆိုင်ရာပစ္စည်းများ ပြပွဲ IMDEX ASIA-2017 သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ ဗိုလ်မှူးကြီးအေးမင်းထွေး ဦးဆောင်သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိအမှတ် (၃) ရေတပ်ဆိပ်ခံ တံတားသို့ပြန် လည်ရောက်ရှိရာ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း (၂၁) နိုင်ငံမှ စစ်ရေယာဉ် ၃၁ စင်း ပါဝင်တက်ရောက်ခဲ့ပြီး တပ်မတော် (ရေ)မှ စစ်ရေယာဉ် (ဆင်ဖြူရှင်)သည် ခရီးစဉ်အတွင်း အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနိုင်ငံများမှ စစ်ရေယာဉ် များနှင့်အတူ လမ်းခရီးတစ်လျှောက် ပုံပြုမောင်းနှင်ခြင်း၊ စစ်ရေယာဉ်များအတွက် ပင်လယ်ပြင်၌ ကြိုတင်မမျှော်မှန်း နိုင်သည့် ရင်ဆိုင်တွေ့မှု ဆိုင်ရာကျင့်ထုံး (Code of Unplanned Encounters at Sea-CUES)အတွက် လေ့ကျင့်ဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်များ အလံတင်အချက်ပြ လေ့ကျင့်ခြင်းနှင့် မီးအချက်ပြဆက်သွယ် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် စင်ကာပူရေတပ်၏နှစ် (၅ဝ) ပြည့် ရွှေရတု အခမ်းအနားနှင့် နိုင်ငံတကာ စစ်ရေယာဉ်များ စစ်ရေးပြ အခမ်းအနား International MaritimeReview (IMR) သို့ တက်ရောက်ခဲ့ပြီး စစ်ရေယာဉ်(ဆင်ဖြူရှင်) မှ အရာရှိ၊ စစ်သည်များ ကလည်း အဆိုပါ အခမ်းအနားများ တွင်ပါဝင် ဆောင်ရွက်ခဲ့ကြကာ နိုင်ငံတကာ စစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်ရေယာဉ် (ဆင်ဖြူရှင်) ၏ယခုသွားရောက် ခဲ့သောခရီးစဉ်သည် အသွားအပြန် စုစုပေါင်းရေမိုင် ၂၅ဝဝ မိုင်ခန့်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger